သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးပြင်းထန်တဲ့ ဗလီတွေကို ဆော်ဒီ ကူညီတာရပ်ဖို့ ဂျာမနီပြော


ဂျာမဏီ ဒုတိယ ဝန်ကြီးချုပ် Sigmar Gabrie က ဘာသာရေးပြင်းထန်တဲ့ ဗလီတွေကို ဆော်ဒီ ကူညီတာရပ်ဖို့ ပြော။
ဂျာမဏီ ဒုတိယ ဝန်ကြီးချုပ် Sigmar Gabrie က ဘာသာရေးပြင်းထန်တဲ့ ဗလီတွေကို ဆော်ဒီ ကူညီတာရပ်ဖို့ ပြော။

ကမ္ဘာတလွှားက ဘာသာရေး အယူစွဲ ပြင်းထန်တဲ့ ဗလီတွေကို ဆော်ဒီအာရေးဘီးယားက ဆက်ပြီးထောက်ပံ့နေတာဟာဆိုရင် အနောက်အုပ်စု မဟာမိတ်တွေနဲ့ ဆော်ဒီကြား ကင်းကွာသွားစေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဂျာမဏီ ဒုတိယ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

ဘာသာရေး အယူစွဲ ပြင်းထန်တဲ့ ဗလီတွေဟာ အစွန်းရောက်တွေ ထွက်ပေါ်လာစေဖို့ အထောက်အကူ ပြုတဲ့ နေရာတွေလို ဖြစ်နေတယ်လို့လည်း ဂျာမဏီ ဒုတိယ ဝန်ကြီးချုပ်က ပြောဆိုပါတယ်။ ဆော်ဒီအာရေးဘီးယားဟာ တင်းကျပ်တဲ့ ဆွန်နီအစ္စလာမ်တို့ရဲ့ ကမ္ဘာတလွှားက Wahhabi ဗလီတွေကို ငွေကြေး ထောက်ပံ့နေတယ်လို့ ဂျာမဏီ ဒုတိယ ဝန်ကြီးချုပ် Sigmar Gabriel က တနင်္ဂနွေနေ့ထုတ် Bild am Sonntag သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားတာပါ။

ဂျာမဏီနိုင်ငံတွင်းက အန္တရာယ် ရှိတယ်လို့ သတ်မှတ်ခံရတဲ့ အစ္စလာမ် အစွန်းရောက်အများအပြားဟာ ဒီအသိုင်းအဝိုင်းကနေ ထွက်ပေါ်လာကြတာ ဖြစ်တယ်လို့လည်း ဒုတိယဝန်ကြီးချုပ် Gabriel က တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကို လျစ်လျူရှုထားရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာကို ဆော်ဒီကို ပြတ်ပြတ်သားသား ကျနော်တို့ ပြောရပါမယ်လို့လည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျာမဏီ ထောက်လှမ်းရေး အေဂျင်စီက ဆော်ဒီအာရေးဘီးယားရဲ့ အဆင်ခြင်မဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုတဲ့ အစီရင်ခံစာထွက်လာပြီးနောက်မှာ ဒုတိယ ဝန်ကြီးချုပ် Gabriel ရဲ့ အခု မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG