သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေး အငြင်းပွါးမှု ကန်-ဂျာမနီ ဆွေးနွေးမည်


ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Steinmeier သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ ( ဇူလိုင် ၁၁၊ ၂၀၁၄)
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Steinmeier သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်။ ( ဇူလိုင် ၁၁၊ ၂၀၁၄)

အစိုးရရဲ့ လျို့ဝှက် အချက်အလက်တွေ ရရှိဖို့ ဂျာမနီထောက်လှမ်းရေးတွေ ကို စေခိုင်းတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိတဦးကို နိုင်ငံကနှင်ထုတ်ခဲ့တဲ့ ကိစ္စဟာ လုပ်သင့်လုပ်ထိုက်တဲ့ ဆုံးဖြတ်ချက် တခုဖြစ်တဲ့အကြောင်း ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ယုံကြည်စိတ်ချရမှုကို ဖောက်ဖျက်တဲ့ လုပ်ရပ်အဖြစ် အခုလို နှင်ထုတ်လိုက်တာဟာ သင့်လျော်တဲ့ ဆုံးဖြတ်ချက် ဖြစ်တဲ့အကြောင်း ဘာလင်မြို့တော်မှာရှိတဲ့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိကို ဂျာမနီနိုင်ငံက နှင်ထုတ်လိုက်ပြီး နောက် တရက်ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier ကသတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

အီရန်နိုင်ငံရဲ့ နျူကလီးယားအရေး ဆွေးနွေးပွဲအတွက် သြစတြီးယားနိုင်ငံ ဗီယမ်နာမြို့ကို နောက် ၂ ရက်အကြာ သွားရောက်တဲ့အခါ တွေ့ဆုံဖို့ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့လည်း ဒီကိစ္စကို ဆွေးနွေးမယ်လို့လည်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့လည်း ဂျာမနီအနေနဲ့ အပြန်အလှန် စိတ်ချယုံကြည်မှုအပေါ် အခြေခံပြီး ဆက်ဆံရေးတွေ ပြန်လည် တည်ဆောက်မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို သူပြောမယ်လို့လည်း ဆိုပါတယ်။ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတခုအပေါ် ရှားရှားပါးပါး လုပ်ခဲ့တဲ့ ဂျာမနီနိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ တစုံတရာ မှတ်ချက်ပေး ပြောကြားတာမျိုး မရှိပဲ ဂျာမနီနိုင်ငံနဲ့ လုံခြုံရေး၊ ထောက်လှမ်းရေးဆိုင်ရာ ဆက်ဆံရေးတွေဟာ အင်မတန်မှ အရေးကြီးတဲ့ အကြောင်းသာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG