သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ကြောင့် သေဆုံးသူ နှစ်စဉ် ၆သန်းခန့်ရှိ


ဆေးလိပ်သောက်သုံးသူ
ဆေးလိပ်သောက်သုံးသူ

ကမ္ဘာတဝှမ်းမှာ ဆေးလိပ်သောက်သုံးမှုကို ထိန်းချုပ်ဖို့ လုပ်နေတဲ့ ကြားကပဲ အရွယ်ရောက်ပြီးသူ စီးကရက်သောက်သုံးမှုတွေ တနေ့တခြား တိုးလာနေ တာ ဖြစ်ပြီး အထူူးသဖြင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ တွေ့ရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပြောပါတယ်။ ဒါပေမဲ့လည်း ဆေးလိပ်သောက်မှု နဲ့အတူ ဆေးလိပ်ကြောင့် သေဆုံးရမှုတွေကို အောင်အောင်မြင်မြင် လျှော့ချနိုင်မယ့် အလားအလာတော့ ရှိတယ်လု့ိ ပြောပါတယ်။

ဆေးလိပ်သောက်သုံးမှုကြောင့် နှစ်စဉ် လူပေါင်း ၆ သန်းလောက်သေဆုံးနေ တာဖြစ်ပြီး ဒီရာစုနှစ်ကုန် လောက်မှာ သေဆုံးနိုင်သူက သန်းပေါင်း တထောင်လောက် ရှိမယ်လို့ တွက်ထားတာပါ။

ကမ္ဘာတဝှမ်း နေ့စဉ် ဆေးလိပ်သောက်သုံးတဲ့ အရွယ်ရောက်ပြီးသူပေါင်း သန်းပေါင်း ၇၄၀ လောက် ရှိနေပါတယ်။ ၁၉၈၀ လောက်ကစပြီး ပုံမှန်ဆေးလိပ်သောက်တဲ့ အမျိုးသားဦးရေက ၄၁ ရာခိုင်နှုံး လောက် တိုးလာသလို အမျိုးသမီးက ၇ ရာခိုင်နှုံးလောက် တိုးလာနေတာပါ။

ဒါ့ကြောင့် WHO က ကမ္ဘာတဝှမ်း ဆေးလိပ်သောက်သုံးမှုကို အားမပေးတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပြီး ၂၀၀၅ ခုနှစ်မှာ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေး မူဘောင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကို နိုင်ငံပေါင်း ၁၈၀ လောက်က လက်မှတ်ရေးထိုးခဲ့ပြီး ဆေးလိပ်သောက်သုံးမှု ကို ပြင်းပြင်းထန်ထန် တားမြစ်တဲ့ ဥပဒေတွေ ချမှတ် ပါဝင်ရာ ကနေ ဆေးလိပ်သောက်သုံးမှု လျော့ပါးအောင် လုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရတယ် လို့ WHO ကပြောပါတယ်။ ဒါ့ကြောင့်

သက္ကရာဇ် ၂၀၂၅ ခုနှစ်ရောက်ရင်တော့ ၂၀၁၀ ကထက် စီးကရက်သောက်သုံးသူ ရာခိုင်နှုံး ၃၀ လျော့ကျသွားဖို့ ပန်းတိုင်ထား လုပ်ဆောင်နေတာဖြစ်ပါတယ်။

XS
SM
MD
LG