ရွေတြိဂံဒေသ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေဟာ ၆ နှစ် ဆက်တိုက် တိုးများလာနေတယ်လို့ နယ်သာလန်အခြေစိုက် TNI Transnational Institute ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ဒေသတွင်း အစိုးရတွေရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမူဝါဒ အားနည်းမှုတွေရှိနေပြီး ဒီအတိုင်းဆိုရင်တော့ ၂၀၁၅ ခုနှစ် မူးယစ်ဆေးဝါး ကင်းလွတ်ဇုံ ဖြစ်ရမယ်ဆိုတဲ့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ မဟာဗျူဟာမျှော်မှန်းချက် အကောင်အထည် ပေါ်လာမှာမဟုတ်ဘူး ဆိုပြီးတော့ ထောက်ပြလိုက်ပါတယ်။
ဒါကြောင့်လည်း ကျေးလက်ဆင်းရဲမွဲတေမှုအပါအဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုဖြစ်စေတဲ့ အကြောင်းတရားတွေကို အဓိကထား ကိုင်တွယ်ဖြေရှင်းနိုင်မယ့် မူဝါဒမျိုးတွေ ပြုပြင်ပြောင်းလဲသွားဖို့လိုတယ်ဆိုပြီးတော့လည်း အစီရင်ခံစာမှာ အကြံပေးတိုက်တွန်းထားပါတယ်။
အခုလို ဘိန်းနဲ့ အခြားမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာ မြန်မာနိုင်ငံဟာ အဓိကလိုဖြစ်နေပြီး အဲဒီ မူးယစ်ဆေးဝါးအများစုဟာ တရုတ်နဲ့ ထိုင်းနိုင်ငံဖက်ကို ရောက်သွားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက ဘိန်းစိုက်ခင်းဧက ဟက်တာ ၂၄,၀၀၀ ကနေ ၂၀၁၃ ခုနှစ်မှာ ဟက်တာ ၅၈,၀၀၀ အထိ တိုးလာတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ရဲ့ ခန့်မှန်းချက်ကို ကိုးကား ထားပါတယ်။
ဒီ ခန့်မှန်းချက်အရဆိုရင် အာဖဂနစ္စတန်ပြီးရင် မြန်မာနိုင်ငံဟာ ဘိန်းစိုက်ဧက အများဆုံးဖြစ်ပါတယ်။
အာဖဂန်မှာတော့ ဘိန်းစိုက်ဧကဟာ ၂၀၁၃ ခုနှစ်မှာ ဟတ်တာ ၂၀၀,၀၀၀ ကျော် ရှိခဲ့တာပါ။ တချိန်တည်းမှာ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်ဖက်တွေမှာ အက်ဖာတမင်း စိတ်ကြွဆေးပြား ထုတ်လုပ်မှုတွေလည်း တိုးလာတယ်လို့ထောက်ပြပါတယ်။
မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ အခြေခံအကြောင်းတရားတွေဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ ဒေသတွင်းပဋိပက္ခတင်းမာမှု၊ တရုတ်နိုင်ငံဖက်ကို ဘိန်းဖြူတင်ပို့မှု စတာတွေကို ဒေသတွင်းအစိုးရတွေနဲ့ နိုင်ငံတကာက ထိထိရောက်ရောက်မဖြေရှင်းဘဲနဲ့တော့ ဘိန်းနှိမ်နင်းရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ ဒီ အစီရင်ခံစာကို ပြုစုသူ Tom Cramer က ပြောပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးမူဝါဒတွေကို ကျန်းမာရေး၊ ဖွံ့ဖြိုးရေး၊ ဒေသငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဦးစားပေးတဲ့ မူဝါဒတွေအဖြစ် ပြုပြင်ပြောင်းလဲမှုလုပ်သွားဖို့ အစီရင်ခံစာက အကြံပြုထားပါတယ်။ Boucing Back လို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာကို မြန်မာ လာအို၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယအရှေ့ဖက်ခြမ်းက လယ်သမားတွေ မူးယစ်ဆေးဝါးသုံးစွဲသူတွေ မူးယစ်ကုန်သည် ရာဂဏန်းကို ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေအတွင်း မေးမြန်းပြီး ပြုစုထားတာဖြစ်ပါတယ်။
အစီရင်ခံစာ မူရင်းကြည့်ရှုရန်