သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Google CEO မြောက်ကိုရီးယား သွားမည်


Google CEO Eric Schmidt
Google CEO Eric Schmidt
ထင်ရှားတဲ့ ကွန်ပြုတာ အင်တာနက်လုပ်ငန်း ဖြစ်တဲ့ GOOGLE အဖွဲ့ ဥက္ကဌ ဟာ မကြာခင် မြောက်ကိုးရီးယားနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Google ဥက္ကဌ Eric Schmidt ဟာ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း Bill Richardson ဦးဆောင်မယ့် လူသားချင်းစာနာမှုဆိုင်ရာ ပုဂ္ဂလိက အဖွဲ့ မှာ ပါဝင်ပြီး ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး အင်တာနက်ဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတွေရှိတယ်လို့ ယူဆကြတဲ့ ကွန်မြူနစ် မြောက်ကိုးရီးယား နိုင်ငံကို ဒီလအစောပိုင်းမှာ သွားရောက်မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ သံတမန် အဆက်အသွယ် မရှိတဲ့ မြောက်ကိုးရီးယားနိုင်ငံမှာ ဒီအဖွဲ့က ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာ အတိအကျမသိရသေးပါဘူး။ အမေရိကန်မြောက်ကိုးရီယား ဆက်ဆံရေး အကဲဆတ်နေတဲ့ အခုလိုအချိန်ကာလမှာ သွားရောက်မယ့် ခရီးရဲ့ လုပ်ငန်းစဉ်နဲ့ ပါတ်သက်လို့ ဘာတခုမှ ထုတ်ဖော်ပြောဆိုတာမျိုးလဲမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့လကတော့ကမ္ဘာပါတ်လမ်းကြောင်းထဲ ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်ခဲ့ တာလို့မြောက်ကိုးရီယားဘက် ကပြောဆိုတဲ့ တာဝေးပစ်ဒုံးပျံ စမ်းသပ်ပစ်လွှတ်မှု အောင်အောင်မြင်မြင် လုပ်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအဝိုင်းက မြောက်ကိုးရီယားကို ပြစ်တင်ဒေါသထွက်ခဲ့ကြပါတယ်။ ဒီစမ်းသပ်မူကို တိုက်ချင်းပစ် ဒုံးပျံစမ်းသပ် မှု တခုအဖြစ် အမေရိကန်နဲ့ တခြားနိုင်ငံကြီး တချို့က ပြစ်တင်ရူံ့ချုခဲ့ကြပါတယ်။ အဲဒိစမ်းသပ်ပစ်လွှတ်မှုအပြီး ရက်ပိုင်း အတွင်းမှာဘဲ ကိုးရီယားအမေရိကန်လူမျိုး ကမ္ဘာလှည့်ခရီးသည် KENNETH BAE ကို အတိအကျ မဖော်ပြတဲ့ နိုင်ငံတော်အပေါ်ဆန့် ကျင်မှု နဲ့ တရားစွဲဆိုဖို့ မြောက်ကိုးရီယားအာဏာပိုင်တွေက ဖမ်းဆီးထားလိုက်ပါတယ်။
XS
SM
MD
LG