သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်လွတ်လပ်ခွင့်ပေးဖို့ Google ဥက္ကဋ္ဌတိုက်တွန်း


Google အကြီးအကဲEric Schmidt ရန်ကုန် နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံစဉ်။ မတ်လ ၂၂၊ ၂၀၁၃)
Google အကြီးအကဲEric Schmidt ရန်ကုန် နည်းပညာတက္ကသိုလ်မှာ တက္ကသိုလ်ကျောင်းသားများနှင့် တွေ့ဆုံစဉ်။ မတ်လ ၂၂၊ ၂၀၁၃)
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အသိအမှတ်ပြုနေတဲ့ တချိန်တည်းမှာဘဲ အင်တာနက်နည်းပညာ ထွန်းကားတဲ့ ဒီခေတ်မှာ နောက်ကြောင်း ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံမှာ ရောက်နေတဲ့ Google ကုမ္မဏီအကြီးအကဲ Eric Schmidt က ပြောဆိုလိုက်ပါတယ်။ တိုင်းပြည်ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံ အဆောက်အဦးတွေကို ပြုပြင်ဖို့ လိုအပ်တဲ့အကြောင်း သောကြာနေ့က ရန်ကုန်တက္ကသိုလ် ဝင်းအတွင်း ပြုလုပ်တဲ့ လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲအတွင်း Google ကုမ္မဏီအကြီးအကဲက ပြောသွားတာပါ။

နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အင်တာနက်ကတဆင့် လူထုရဲ့ထင်မြင်ချက်တွေကို ချက်ချင်းသိနိုင်ကြောင်း၊ ဆက်သွယ်ရေးလုပ်ငန်းတွေကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပြုရေး၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အားပေးရေးတိုက်တွန်းလိုက်ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး နယ်ပယ်အသီးသီးအတွက် အကျိုးရှိရှိ အသုံးချနိုင်အောင် Google ကုမ္မဏီက ဒီနှစ် အတွင်း မြန်မာပြည်မှာ လုပ်ငန်းတွေ စတင်ဖို့ရှိတယ်လို့
မိုဘိုင်း လက်ကိုင်ဖုန်း တခုထဲနဲ့တင် မတရားမှုတွေကို မှတ်တမ်းတင်ထားနိုင်တယ်လို့လည်း Eric Schmidt က ပြောပါတယ်။ ဒါ့အပြင် အင်တာနက်ကို အစိုးရက ထိန်းချုပ်ခွင့်မပြုကြဖို့လည်း အခမ်းအနားကို တက်ရောက်လာသူတွေကို Eric Schmidt က သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ် ချုပ်ချယ်ခံခဲ့ရတာကြောင့် မြန်မာနိုင်ငံက အင်တာနက် ဆက်သွယ်မှုတွေဟာ အများကြီး ခေတ်နောက်ကျကျန်ခဲ့တာ ဖြစ်ပါတယ်။

Google ကုမ္မဏီအကြီးအကဲ Eric Schmidt ဟာ လစ်ဗျား၊ အာဖဂန် နစ္စတန်နဲ့ မြောက် ကိုရီးယားနိုင်ငံတွေကို သွားရောက်လည်ပတ် အပြီးမှာ မြန်မာနိုင်ငံကို ရောက်လာ တာဖြစ်ပြီး သောကြာနေ့ နေ့လည်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG