သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးပြဿနာ လူထုဆန္ဒခံယူဖို့ ဂရိလွှတ်တေ်ာ မဲခွဲဆုံးဖြတ်


ဂရိဝန်ကြီးချုပ် Alexis Tsipras (ရှေ့တန်း ယာအစွန်) အေသင်မြို့ လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်။ (ဇွန် ၂၈၊ ၂၀၁၅)
ဂရိဝန်ကြီးချုပ် Alexis Tsipras (ရှေ့တန်း ယာအစွန်) အေသင်မြို့ လွှတ်တော်အစည်းအဝေးမှာ တွေ့ရစဉ်။ (ဇွန် ၂၈၊ ၂၀၁၅)

ဂရိနိုင်ငံကို ငွေကြေးအကြပ်အတည်းကကယ်တင်ဖို့လုပ်နေတဲ့ မကြာခင် သက်တမ်းကုန်တော့မယ့်နိုင်ငံတကာ အစီအစဉ်နဲ့ပတ်သက်ပြီး လူထုဆန္ဒခံယူဖို့ ဂရိဝန်ကြီးချုပ် Alexis Tsipras အစိုးရအဖွဲ့ရဲ့ ပန်ကြားမှုကို ဒီနေ့ တနင်္ဂနွေနေ့မှာ လွှတ်တော်က မဲခွဲပြီးလက်ခံကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဂျူလိုင် ၅ ရက်နေ့မှာ ကျင်းပမယ့် လူထုဆန္ဒခံယူပွဲမှာ ဂရိနိုင်ငံသားတွေက ဆန္ဒမဲပေးကြမှာဖြစ်ပြီး ပြည်သူတွေအားလုံးကို ဘယ်လို အကြပ်ကိုင်တာမျိုးကိုမှ ဂရုစိုက်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ရှိတယ်လို့ ဂရိဝန်ကြီးချုပ်က ပြောပါတယ်။

တကယ်လို့ လူထုဆန္ဒခံယူပွဲမှာ နိုင်ငံတကာရဲ့အစီအစဉ်ကို ဂရိက လက်မခံဘူးလို့ ဆန္ဒမဲပေးကြရင် Euro ငွေကြေးသုံးစွဲတဲ့ဇုန်ကနေ ဂရိနိုင်ငံထွက်ရမယ့်ကိန်း ဆိုက်နိုင်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က တနင်္ဂနွေနေ့ကပဲ သတိပေးထားပါတယ်။ ဒါပေမယ့်လည်း အခုလို လူထုဆန္ဒခံယူဖို့ ဂရိအစိုးရရဲ့ ဆုံးဖြတ်ချက်အတွက်တော့ ပြင်သစ်ဝန်ကြီးချုပ်က ရှုတ်ချပြောဆိုတာမျိုး မရှိပါဘူး။

နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်ကိုလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆုံးဖြတ်တာမို့ ဆွေးနွေး ညှိနှိုင်းရေးစကားဝိုင်းဆီ ပြန်လာဖို့ကိုလည်း ဂရိအစိုးရကို ဖိတ်ကြားပါတယ်။ ဂရိနိုင်ငံ အနေနဲ့ အင်္ဂါနေ့နောက်ဆုံးထားပြီး နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF ကို ချေးငွေဒေါ်လာ သန်း ၂ ထောင်နီးပါး ပေးဆပ်ဖို့ရှိနေတာမို့ ဥရောပသမဂ္ဂရဲ့ ဂရိငွေကြေးအကြပ်အတည်းကို ကယ်တင်ဖို့ ထုတ်ချေးမယ့် ဒေါ်လာ သန်း ၈ ထောင်ကို ဂရိက လိုအပ်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG