သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးရဲ့ နှစ်သစ်ကူး နှုတ်ဆက်


အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel
အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel

သောတရှင်များခင်ဗျား …. ဒီကနေ့ဆိုရင် ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာ အတာကူးတဲ့ လတန်ခူး ရိုးရာနှစ်သစ်ကူး ရေသဘင်ပွဲ စတင်ဆင်နွှဲကြတော့မှာ ဖြစ်ပါတယ်။ မြန်နိုင်ငံသာမက ဒေသတွင်းမှာရှိကြတဲ့ အိမ်နည်းချင်း နိုင်ငံတချို့မှာဆိုရင်လည်း အလားတူ ရိုးရာနှစ်သစ်ကူးကာလ ရေကစားပွဲတော်တွေ ကျင်းပနေကြပါပြီ။

အရှေ့တောင်အာရှဒေသက နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲကြတဲ့နိုင်ငံအသီးသီးက ပြည်သူတွေအတွက် အမေရိကန် ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က အခုလို နှုတ်ဆက် ဆုမွန်တောင်း စကား ပြောကြားလိုက်ပါတယ်။

“အခုလို ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်ကို ချစ်ခင် မြတ်နိုးသူတွေနဲ့ အတူ ဆင်နွှဲနေကြတဲ့ အချိန်အခါသမယမှာ ပျော်ရွှင်ကြပါစေ၊ ငြိမ်းချမ်းကြပါစေ၊ အေးချမ်းသာယာဝပြောတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ခင်ဗျားတို့နဲ့ မိတ်ဆွေဖြစ်ရတဲ့ အတွက်လည်း ဂုဏ်ယူနေပါတယ်”….. လို့ ပြောသွားတာဖြစ်ပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးတို့ကလည်း နှစ်သစ်ကူးအခါ သမယ ဆုမွန်တောင်းတဲ့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

XS
SM
MD
LG