တရုတ်နိုင်ငံမှာ တာဝန်က ရပ်ဆိုင်းခံခဲ့ရပြီးတော့ အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ နိုင်ငံရေးသမား ဘိုဇီလိုင်ရဲ့ ဇနီးဖြစ်သူအပေါ် စွဲဆိုထားတဲ့ လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ ကြားနာတဲ့ တရားခွင်ဟာ တရက်တည်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီးတော့ စီရင်ချက် မချရသေးတဲ့အကြောင်း နိုင်ငံရဲ့အရှေ့ပိုင်း၊ ဟီဖိုင်မြို့တရားရုံးရဲ့ တာဝန်ရှိသူတဦးကနေ ပြောပါတယ်။
တရားစွဲဆိုခံထားရသူ ဂူခိုင်းလိုင်းဟာ ကိုယ်၊ စိတ် ကျမ္မာရေးအခြေအနေ ပုံမှန်ရှိနေပြီး သူစွဲဆိုခံ ထားရတဲ့ အမှုနဲ့ ပတ်သက်ပြီး ငြင်းဆိုတာမျိုး မလုပ်ခဲ့ဘူးလို့ အဲဒီတရားရေး ဝန်ထမ်းကပြောပါတယ်။
တရားရုံးကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဘယ်တော့ အဆုံးသတ် စီရင်ချက် ချမယ်ဆိုတာကိုလည်း ပြောဆိုခြင်း မရှိသေးပါဘူး။
ဂူခိုင်လိုင်းနဲ့ သူမအိမ်က ဘဏ္ဍာစိုးတို့နှစ်ယောက်တို့ဟာနိုဝင်ဘာလအတွင်းက နိုင်ငံရဲ့ အနောက်တောင်ပိုင်း ချုံကွင်း မြို့မှာ ဗြိတိသျှ စီးပွားရေးသမား နေးလ် ဟေးဝုဒ် ဆိုသူကို သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဂူခိုင်လိုင်းရဲ့ ခင်ပွန်းဖြစ်သူ ဘိုဇီလိုင်ဟာ တချိန်က ချုံကွင်းမြို့ရဲ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင် ဖြစ်ပါတယ်။ ဂူခိုင်လိုင်းနဲ့ ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင်တို့ကြားမှာ စီးပွားရေးအရ သဘောထား ကွဲလွဲမှုတွေ ရှိပြီးတော့ ဂူရဲ့သားအပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့ ဂူခိုင်လိုင်းဟာ သေဒဏ်ကျခံရဖို့ ရှိပါတယ်။
ဒီအမှုဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အမှုအခင်းဖြစ်သလို၊ ဘိုဇီလိုင်းကိုလည်း နိုင်ငံရေးလောက ကနေ ထုတ်ပစ်တာခံခဲ့ရပါတယ်။
ဘိုဇီလိုင်ဟာ တချိန်က တရုတ်နိုင်ငံရေးလောကမှာ ထင်ရှားကျော်ကြားပြီး ထိပ်တန်းခေါင်းဆောင်ဖြစ်လာနိုင်သူအဖြစ် အများကယူဆ ထားသူ ဖြစ်ပါတယ်။