သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dallas မြို့ ရဲဌာနချုပ် တိုက်ခိုက်ခံရ


တက္ကဆက်ပြည်နယ်၊ ဒဲလ်လက်စ်ရဲဌာနနားမှာ အပြန်အလှန်ပစ်ခတ်မှုအပြီး ရှာဖွေစုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတဲ့ ရဲအရာရှိတဦးကို တွေ့ရစဉ်။ (ဇွန် ၁၃၊ ၂၀၁၅)
တက္ကဆက်ပြည်နယ်၊ ဒဲလ်လက်စ်ရဲဌာနနားမှာ အပြန်အလှန်ပစ်ခတ်မှုအပြီး ရှာဖွေစုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတဲ့ ရဲအရာရှိတဦးကို တွေ့ရစဉ်။ (ဇွန် ၁၃၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်မြို့တော် Dallas ရဲဌာနချုပ်ရှေ့မှာ Van ကားပေါ်ကနေ စနေနေ့မနက် အစောပိုင်းက ပစ်ခတ်ခဲ့သူကို ဖမ်းမိနိုင်ခဲ့ပြီလို့ ရဲကပြောကြားခဲ့ပါတယ်။

ရဲဌာနချုပ်ရှေ့မှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ် ထွက်ပြေးခဲ့သူကို လက်ဖြောင့်တပ်သားတွေက ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီလူ အသက်သေ မသေဆိုတာကိုတော့ အခုအချိန်မှာ မပြောနိုင်သေးလို့ ရဲတပ်ဖွဲ့အကြီးအကဲ David Brown က မကြာခင်ကပဲ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။

သံချပ်ကာကားပုံစံလုပ်ထားတဲ့ Van ကားထဲမှာ ဖေါက်ခွဲရေးပစ္စည်းတွေ ပါတယ်လို့ ရဲကယုံကြည်နေတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိနဲ့ ချဉ်းကပ်နေရလို့ဖြစ်ပါတယ်။ အခုအသံလွှင့်နေချိန်မှာပဲ ဗုံးရှာတဲ့ စက်ရုပ်တွေက ကားကို ချဉ်းကပ်စစ်ဆေးနေပါတယ်။

စနေနေ့မနက် လင်းအားကြီးအချိန်က ရဲဌာနချုပ်ရုံးရှေ့မှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ့ခဲ့သလို ရဲဌာနချုပ်အနီးမှာပဲ ဗင်ကားတစင်းပေါ်ကနေ သေနတ်သမားနဲ့ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

ရဲဌာနချုပ်ရှေ့မှာတွေ့တဲ့ ထောင်ဗုံးနှစ်လုံးကိုတော့ စနက်တံဖြုတ်ပြီး ဘေးကင်းစွာ ဖယ်ရှားပြီးပြီလို့တော့ သိရပါတယ်။ ပစ်ခတ်မှုအတွင်းမှာ ရဲဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောပါတယ်။ ဘာကြောင့် အခုလို တိုက်ခိုက်သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲပဲလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

XS
SM
MD
LG