သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီနိုင်ငံက ဟိုတယ် သေနတ်သမားတွေ ဝင်ရောက် စီးနင်းခံရ


မာလီနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ လုံခြုံရေးတိုးမြှင့်။ (နိုဝင်ဘာလ ၂၀၊ ၂၀၁၅)
မာလီနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ လုံခြုံရေးတိုးမြှင့်။ (နိုဝင်ဘာလ ၂၀၊ ၂၀၁၅)

မာလီနိုင်ငံ မြို့တော် က ဇိမ်ခံ ဟိုတယ်မှာ ဖမ်းဆီး ထားတဲ့ ဓါးစာခံတွေထဲက ၈၀ လောက် ကို အကြမ်းဖက် သမားတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ သေနတ်သမား ၄ ဦးထက် မနည်းဟာ အစ္စလာမ် ဘာသာရေးကြွေးကြော်သံတွေ ဟစ်အော်ပြီး ဒီဟိုတယ်ကို ဝင်ရောက် စီးနင်းခဲ့သလို ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက သုံးဦးကို သတ်ပစ်ခဲ့ပါတယ်။

မြို့တော် Bamako မှာရှိတဲ့ Radisson Blu ဟိုတယ်မှာ တစ်ထပ်ပြီး တစ်ထပ် အထူးတပ်ဖွဲ့တွေက ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံ ဓါးစားခံတွေကို လိုက်လံ ရှာဖွေနေတယ်လို့ လုံခြုံရေးဘက်က လာတဲ့ သတင်းတွေက ဆိုပါတယ်။ ကိုရမ်ကျမ်းစာ ရွတ်ဆိုနိုင်သူတွေကို သေနတ်သမားတွေက လွှတ်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အခုအခါမှာ ကုလသမဂ္ဂနဲ့ မာလီတပ်ဖွဲ့တွေဟာ ဟိုတယ်ကို ဝန်းရံထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဟိုတယ်ကိုသွားရာလမ်းကိုလည်း ပိတ်ဆို့ထားပါတယ်။ ဟိုတယ်ကို အခုလိုစီးနင်းထားချိန်မှာ အပြင်ထွက် ကြည့်တာမျိုး မလုပ်ပဲ ကိုယ့်နေရာမှာပဲ ကိုယ်နေကျဖို့ မာလီအစိုးရက မြို့ခံတွေကို သတိပေး တိုက်တွန်း ထားပါတယ်။

ပြင်သစ်ကိုလိုနီဖြစ်ခဲ့ဘူးတဲ့ မာလီနိုင်ငံက ဓါးစာခံတွေကို ကယ်တင်ရေးဆောင်ရွက် ရာမှာ ကျွမ်းကျင်တဲ့ အထူးတပ်ဖွဲ့ ကိုလည်း ပြင်သစ်ကစေလွှတ်ထားပါတယ်။

ဒီဟိုတယ်ကို ဝင်ရောက်စီးနင်းမှုနဲ့ ပါတ်သတ်လို့ ဘယ်သူကမှ သူတို့ လက်ချက်ဖြစ်တယ် ဆိုတာကို ပြောဆိုတာမျိုးမရှိသေးပါဘူး။ ဒါပေမယ့်လည်း al-Qaida နဲ့ ဆက်စပ်မှုရှိတဲ့ သူပုန်တွေနဲ့ မာလီ တပ်ဖွဲ့တွေကြား နှစ်ပေါင်း အတော်ကြာ တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG