သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hajj ဘုရားဖူး ၇၀၀ ကျော် လူအုပ်ပိ သေဆုံး


Hajj ဘုရားဖူးတွေ လူပိလို့သေဆုံး။ (စက်တင်ဘာ ၂၄၊ ၂၀၁၅)
Hajj ဘုရားဖူးတွေ လူပိလို့သေဆုံး။ (စက်တင်ဘာ ၂၄၊ ၂၀၁၅)

အစ္စလာမ် ဘာသာဝင်တွေ နှစ်စဉ် ဘုရားဖူးပွဲတော် ကျင်းပတဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့နား က မီနာမြို့မှာ ဘုရားဖူးလာတဲ့ လူအုပ်ကြီးအတွင်း အချင်းချင်းနင်းမိ တာကြောင့် လူ ၇၁၇ ထက်မနည်းသေဆုံးပြီး ၊ ရှစ်ရာကျော် ဒဏ်ရာရသွားပါတယ်။

အစ်ပွဲတော်မစခင် ဟာဂျ့်ဘုရားဖူးတွေက ရိုးရာဓလေ့အရ လက်ခံထားပြီး မိစ္ဆာအဖြစ်သ တ်မှတ်ထားတဲ့ တိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ပွဲတော်ကျင်းပစဉ် အတွင်း ကြာသာပတေးနေ့က အခုလို ဖြစ်ပွားခဲ့ တာဖြစ်တယ်လို့ ဆော်ဒီ အာဏာပိုင်တွေက ပြောပါတယ်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ အရပ်ဖက်ကာကွယ်ရေး ညွှန်ကြားရေးမှူးရုံး က သေဆုံး ဒဏ်ရာရသူတွေရဲ့ စာရင်းကို သူတို့ရဲ့ တွစ်တာ စာမျက်နှာမှာဖော်ပြထားပြီး၊ အဲဒီမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ပုံတွေနဲ့ တကွဖော်ပြထားပါတယ်။

ဒီထဲမှာ လူတယောက်ကို အရေးပေါ်အသက်ရှုနည်းနဲ့ ကြိုးစားပြီး ကယ်တင်ပေး နေတဲ့ ပုံ တခုလည်းပါပါတယ်။ ငါးရက်တာ ကျင်းပတဲ့ဒီပွဲဟာ လှုပ်ရှား သွားလာနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေအဖို့ တသက်မှာ တခါလာရောက်ဖို့ အရေးကြီးပါတယ်။

၅ ရက်ကြာကျင်းပပြီး လူသန်းနဲ့ချီလာရောက်တဲ့ Hajj ဘုရားဖူးပွဲတော်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ဘုရားဖူးအချင်းချင်း နင်းမိလို့ သေဆုံးတာတွေ အကြိမ်အများအပြား ရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ Hajj ဘုရားဖူး ၂ သန်း ကျော် လာရောက်ခဲ့ကြပါတယ်။

လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တာကတော့ ၁၉၉၀ ခုနှစ်ကဖြစ်ပြီး၊ မီနာမြို့က လှိုဏ်ခေါင်းအတွင်း အချင်းချင်းတက်နင်းမိလို့ ၁၄၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၄၊ ၂၀၀၄ နဲ့ ၂၀၀၆ ခုနှစ်တွေမှာတော့ ၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG