သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားအိမ်ခေါင်း ကင်ဆာ


Lightning flashes in the sky in Zhuhai, Guangdong province, China, May 22, 2013.
Lightning flashes in the sky in Zhuhai, Guangdong province, China, May 22, 2013.

သားအိမ်ခေါင်းကင်ဆာဟာ ဖွံဖြိုးပြီးချမ်းသာတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးပြီး ထိရောက်အောင်ကာကွယ်နိုင်တာ၊ ကြိုတင်ဆေးစစ်ပြီး လုံးဝပျောက်ကင်းအောင် ကုသမှု့ စောစောခံယူနိုင်ကြတာမို့ ဖြစ်နှုန်းရော၊ ဒီကင်ဆာကြောင့် သေနှုန်းပါ ကြီးကြီးမားမား ကျဆင်းသွားပါပြီ။

ဒါပေမဲ့ ဖွံဖြိုးဆဲဆင်းရဲတဲ့နိုင်ငံတွေက အမျိုးသမီးတွေမှာတော့ ခုလိုကာကွယ်ဆေးနဲ့ ကြိုတင်ဆေးစစ်ပြီး စောစောကုသမှု့ခံယူဖို့ အများစုက လက်လှမ်းမမှီတာကြောင့် ဒီ ကင်ဆာဖြစ်နှုန်းရော၊ သေနှုန်းပါများ လာနေပါတယ်။ ဖွံဖြိုးဆဲနိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာအဖြစ် အများဆုံး ကင်ဆာ ဖြစ်နေပါတယ်။ ဒီ ကင်ဆာ ဘယ်လို ဖြစ်လာရတာပါသလဲ။ ဒီ ကင်ဆာ ဖြစ်နှုန်းကျသွားရအောင် ထိရောက်တဲ့ ဒီ ကင်ဆာ ကာကွယ်ဆေးကို ဘယ်လိုထိုးသင့်ပြီး၊ အခြား ဘယ်လိုကာကွယ်နိုင်တာတွေရှိနေပါလဲ။

ဒီ ကင်ဆာကြောင့် မလိုအပ်ဘဲ သေဆုံးမှု့ မကြုံရရေးအတွက် ကြိုတင်သိရှိပြီး၊ လုံးဝပျောက်အောင် စောစောကုသမှု့ခံယူနိုင်ဖို့၊ ဘယ်လို ဆေးစစ်တာလုပ်သင့်ပြီး၊ နောက်ကျမှသိတာမျိုး မဖြစ်အောင် ဘယ်လို ရောဂါလက္ခဏာတွေကို သိထားဖို့လိုပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes နဲ့ Carol Pearson တို့ သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက ကင်ဆာအထူးကုနဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာ ဦးစိုးအောင် ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။

XS
SM
MD
LG