သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချို အန္တရာယ် နဲ့ ကုသမှုသစ်


ရေရှည် အိပ်ရေးပျက်တာကြောင့် ဆီးချိုရောဂါကို ပိုဖြစ်စေနိုင်၊ ဖြစ်ပြီးရင်လည်း ပိုဆိုးသွားစေနိုင်တယ်လို့ အမေရိကန်နိုင်ငံမှာ ရှာဖွေလုပ်ခဲ့တဲ့ လေ့လာမှု့သစ်တခုက ဆိုပါတယ်။ အိပ်ရေးပျက်တာကြောင့် တခြားဘယ်လို ရောဂါတွေပါ ဆက်ဖြစ်စေနိုင်ပါသလဲ။ ဘာကြောင့်ပါလဲ။ အိပ်ရေးဝအောင် ဘယ်လို အိပ်သင့်ပါသလဲ။

အမေရိကန်မှာပဲ လုပ်ခဲ့တဲ့ နောက် လေ့လာမှု့တခုထဲမှာတော့ အစာအိမ်ငယ်သွားအောင်နဲ့ အူလမ်းကြောင်း တိုသွားအောင် ခွဲစိတ်ကုသမှု့တွေ လုပ်ပေးရင် ဒီရောဂါကို အထိရောက်ဆုံး ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုမျိုး ထိရောက်မှုရှိပါသလဲ။
ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ဆီးချိုဖြစ်သူတွေအတွက် ကာကွယ်ကုသမှု့တွေ ပိုထိရောက်အောင် လုပ်နိုင်ရေးအတွက် အနောက်နိုင်ငံတွေမှာ ဆီးချိုဖြစ်တာနဲ့မတူဘဲ ဘယ်လို ထူးခြားချက်နဲ့ ပိုပြင်းထန်မှု့တွေ ရှိနေပါသလဲ။ ဒီအကြောင်း VOA သတင်းထောက် Jessica Berman သတင်းပို့ထားတာနဲ့၊ အမေရိကန်ရောက် ဆီးချိုအထူးကု မြန်မာဆရာဝန် ဒေါက်တာ ကျော်ကျော်စိုး က ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG