သုတအဖြာဖြာ / ကျန်းမာရေး

ငါးနှစ်အောက် ကလေးများ သေဆုံးမှုအများဆုံး ရောဂါများ

မီဒီယာ

အသံ
  • ငါးနှစ်အောက် ကလေးများ သေဆုံးမှုအများဆုံး ရောဂါများ

TEXT SIZE - +
ကိုဝင်းမင်း

UNICEF ကမ္ဘာ့ကလေးများ ရန်ပုံတွေအဖွဲ့က ပိုထိရောက်တဲ့ ကုသကာကွယ်မှု့တွေ လုပ်ပေးနိုင်ရင် အဆုပ်ရောင် နဲ့ ဝမ်းလျှောတာတွေကြောင့် ငါးနှစ်အောက် ကလေးသေဆုံးနေရမှု့ကို ကြီးကြီးမားမား လျှော့ချနိုင်မယ်လို့ အစီရင်ခံစာသစ် ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်နေကြတဲ့အဖွဲ့ကြီးတွေကလည်း ကာကွယ်ကုသနိုင်တဲ့ ရောဂါတွေကြောင့် ကလေးသေဆုံးနေရတာကို သန်းနဲ့ချီလျှော့ချဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
Pneumonia (ခေါ်) အဆုပ်ရောင်ရောဂါအတွက် စောစောစီးစီးသိရှိပြီး နောက်မကျဘဲ ဆေးရုံဆေးခန်းပြကာ ပဋိဇီဝဆေးနဲ့ ကုသမှု့ စခံယူနိုင်ဖို့ အရေးကြီးပါတယ်။ အချိန်မှီသိနိုင်ဖို့ ဘယ်လိုလက္ခဏာတွေကို စောင့်ကြည့်ဖို့လိုပါသလဲ။ လေကတဆင့်ကူးတဲ့ဒီရောဂါကနေ ဘယ်လိုထိရောက်အောင် ကာကွယ်နိုင်ပါလဲ။

ဝမ်းလျှောရောဂါအတွက်တော့  စစချင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် အမြန်ပြန်ဖြည့်ပေးနိုင်ဖို့ အိမ်မှာပဲ ဓာတ်ဆားရည်တိုက်ပေးဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါနဲ့မသက်သာရင်တော့ ဆေးရုံဆေးခန်း အမြန်ပို့ဖို့လိုပါတယ်။ အစာနဲ့ရေမသန့်တာကနေ ကူးစက်တဲ့ ဒီရောဂါကကို ထိရောက်အောင် ကာကွယ်နိုင်ဖို့ ဘာတွေလုပ်နိုင်ပါလဲ။

ဒီအကြောင်း VOA သတင်းထောက် Vidushi Sinha သတင်းပို့ထားတာနဲ့၊ ဗြိတိန်နိုင်ငံက ကလေးအထူးကုဆရာဝန် ဒေါက်တာမျိုးမြတ်လွင် ကို ဆက်သွယ်မေးမြန်းဆွေးနွေးထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

This forum has been closed.
Comments
     
There are no comments in this forum. Be first and add one

အပတ်စဉ် တီဗွီမဂ္ဂဇင်း

Loading
๑๒:๐๐:๐๐ / -:--:--
တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ၊ အမေရိကန်နိုင်ငံရောက် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တွေ့ဆုံမေးမြန်းခန်းနဲ့ နိုင်ငံတကာ နဲ့ Hollywood ထင်ပေါ်ကျော်ကြား အနုပညာရှင်များအကြောင်း သက်တန့်ရောင်သတင်လွှာ ...

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--