သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အတွင်း ကျန်းမာရေး သတိပြုစရာ


၂၀၁၂ ရန်ကုန်သင်္ကြန်
၂၀၁၂ ရန်ကုန်သင်္ကြန်
အပူချိန်ပြင်းထန်လွန်ကဲတဲ့ နွေဦးသင်္ကြန်ကာလမှာ ကျန်းမာရေးဆိုင်ရာ သတိပြုစရာတွေက အပူရှပ်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း၊ အရက်မူးလွန်ခြင်း၊ ရေဓါတ်ဆုံးရှုံးခြင်း၊ ဝမ်းရောဂါဖြစ်ခြင်း၊ နား၊မျက်စိ ထိခိုက်ဒဏ်ရာရခြင်းနဲ့ ခိုက်ရန်ဖြစ်ပွားမှု့တွေ ဖြစ်ပါတယ်။

ဒီလို ပြဿနာမျိုးတွေ မကြုံတွေ့ရဘဲ ပျော်ပျော်ရွှင်ရွှင် ရေကစားနိုင်အောင် အပူချိန် မပြင်းထန်တဲ့ အချိန်တွေမှာ လည်ပတ်ရေကစားကြဖို့၊ အဝတ်အစားကြပ်ကြပ် မဝတ်ကြဖို့၊ နေလောင်ဒဏ် ကာကွယ်ပေးတဲ့ လူးဆေးလူးကြဖို့၊ ဝိုင်းဝန်းသတိထား ကြီးကြပ်ပေးကြဖို့၊ အရက်အလွန် အကျွံမသောက်ကြဖို့၊ ရေများများသောက်ဖို့၊ အစာမသန့်တာတွေ မစားကြဖို့၊ ရေပြင်းပြင်းထန်ထန် မထိအောင် အကာအကွယ်ယူကြဖို့နဲ့ တဦးကိုတဦး နာကျင်အောင် ရေမပက်ကြဖို့ လိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ် (၃၀) ကျော်ကြာ ဒီပြဿနာမျိုးတွေကို ကုသပေးခဲ့တဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။
XS
SM
MD
LG