သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဆာကို ရင်ဆိုင်နိုင်ခြင်း နှင့် ကူညီထောက်ပံ့မှု


ဒီနေ့ မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ ကင်ဆာရောဂါကို ကိုယ်တိုင်ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြတဲ့ အသက် (၈၀) ကျော် ဆရာဝန်ကြီးတွေက ကင်ဆာကို စောစောသိရှိ၊ စောစောကုသနိုင်ပြီး၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုနဲ့ စိတ်ဓာတ်မကျဘဲ ရင်ဆိုင်ဖြေရှင်းသွားနိုင်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်း ဆွေးနွေးပွဲမှာ ထောက်ပြအကြံပြုခဲ့ကြပါတယ်။

ဦးဆောင်ဆွေးနွေးကြသူတွေထဲက တဦးဖြစ်တဲ့ အသက် (၈၃) နှစ်အရွယ် အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်အုန်းကြည်က ကင်ဆာရောဂါသည်တွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကင်ဆာရောဂါ စစ်ဆေးစမ်းသပ် ကုသမှုလုပ်ငန်းတွေကို တိုင်းနဲ့ပြည်နယ်အားလုံးမှာ စနစ်တကျ တိုးချဲ့လုပ်ကိုင်ပေးသင့်တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ကင်ဆာဆိုင်ရာ ဆေးဝါးတွေက ငွေကြေးကုန်ကျများလွန်းတာမို့ လူမှု့အဖွဲ့အစည်းတွေရဲ့ ဝိုင်းဝန်းကူညီမှုတွေလည်း လိုနေသေးတယ်လို့ ဒေါက်တာဒေါ်အုန်းကြည်က ပြောဆိုခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေး ပညာပေးဆိုင်ရာ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်အုန်းကြည် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG