သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားအိမ်ခေါင်းကင်ဆာ နဲ့ ကြိုတင်စစ်ဆေးနည်းသစ်


မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နှုန်း၊ သေနှုန်းများနေပြီး အဓိက ပြဿနာက အများစုသော လူနာတွေမှာ နောက်ကျသိပြီးမှ ဆေးရုံလာပြကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုကြပါတယ်။ အမှန်တကယ်တော့ ဒီသားအိမ်ခေါင်းကင်ဆာကို Condom အစွပ်သုံးပြီး၊ ကာကွယ်ဆေးထိုးကာ အတော်အသင့် ကာကွယ်နိုင်ပါတယ်။

ဒါ့အပြင် ကင်ဆာမဖြစ်ခင် အကြိုအဆင့်ဟာ နှစ်တွေနဲ့ချီ ဖြစ်လေ့ရှိတာမို့၊ ဒီအဆင့်ကို ကြိုသိအောင် နည်းသစ်အဖြစ် ရှာလကာရည်နဲ့ အလွယ်တကူ စစ်ဆေးနိုင်ပြီး၊ ဒီအကြိုအဆင့် ဖြစ်နေရင်လည်း ချက်ချင်းလုံးဝပျောက်သွားအောင် မြန်မာနိုင်ငံထဲမှာ ကုသပေးနိုင်နေပြီဖြစ်ပါတယ်။

ဒီရောဂါအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG