သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများနဲ့ ဝဲနာ ယားနာ


မြန်မာနိုင်ငံက ကလေးငယ်တွေမှာ အများဆုံးဖြစ်တဲ့ အရေပြားရောဂါတွေထဲမှာ ကူးစက်လွယ်တဲ့ ဝဲနာယားနာရောဂါလည်း အဓိကပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။

မြန်မြန် အချိန်မီမကုသနိုင်ရင် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်သွားနိုင်တဲ့ ဒီအရေပြားရောဂါဟာ ဝဲကပ်ပါးကောင်ကြောင့် ဖြစ်ရတာပါ။ ဘယ်လို လက္ခဏာတွေ ပြပါလဲ။ ကာကွယ်နိုင်ဖို့အတွက် တကိုယ်ရေသန့်ရှင်းရေးအပြင် ဝဲရောဂါဖြစ်ပြီးသူတွေရဲ့ အဝတ်အစား၊ အသုံးအဆောင်တွေကို မသုံးမိဖို့ အရေးကြီးပါတယ်။ အနာရင်းတဲ့ အဆင့်ဖြစ်လာရင် ပြင်းထန်းတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်တဲ့ အဆင့်မရောက်အောင် ပဋိဇီဝဆေးနဲ့ပါ ကုသပေးရပါတယ်။ အခြားဘာဆေးတွေ၊ ဘယ်လိုသုံးသင့်ပါလဲ။

ဒီရောဂါအကြောင်း အသေးစိတ်ပိုမိုသိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှုးပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG