သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးများ ကာကွယ်ဆေး ထိုးဖို့ အရေးကြီး


မွေးကင်းစ ကလေးများအပါအဝင်၊ ၅ နှစ်အောက် ကလေးများ သေဆုံးမှုကို အဓိက ကာကွယ်နိုင်တဲ့ နည်းတခုကတော့ ကလေးတွေကို ကာကွယ်ဆေး အချိန်ကိုက် ထိုးပေးတာပါ။ နိုဝင်ဘာလ ၅ ရက် နောက်ပိုင်းကစပြီး မြန်မာနိုင်ငံတဝှမ်းမှာ အစိုးရကနေ ပထမဆုံးအကြိမ်အနေနဲ့ (၅) မျိုးစပ် ကာကွယ်ဆေးသစ်ကို နိုင်ငံတကာအဖွဲ့တခုနဲ့ ပူးပေါင်း၊ ပံ့ပိုးကူညီမှုနဲ့ အခမဲ့ ထိုးပေးနေပါတယ်။ မိသားစုများ ဘယ်နေရာတွေမှာ သွားရောက်ပြီး ဆေးကုသမှုကို ရရှိနိုင်ပါသလဲ။

ဒီ (၅) မျိုးစပ် ကာကွယ်ဆေးဟာ အရင် (၃) မျိုးစပ် ကလေးကာကွယ်ဆေး DPT ခေါ် ဆုံဆို့နာ၊ မေးခိုင်ရောဂါ နှင့် ကြက်ညှာချောင်းဆိုးရောဂါ ကာကွယ်ဆေးထဲမှာ အသဲရောင်အသားဝါ (B) ပိုး ကာကွယ်ဆေးနဲ့ ကာကွယ်ဆေးအသစ်တမျိုးဖြစ်တဲ့ ဦးနှောက်အမြှေးနဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးတွေကို ထပ်ရောစပ်ပေးလိုက်တဲ့ ကာကွယ်ဆေးသစ် ဖြစ်ပါတယ်။ ဒီအပြင် တခြား ကာကွယ်ဆေးတွေကိုလည်း ကလေးတွေအတွက် အခမဲ့ ထိုးပေးနေပါသလဲ။

အခုလို အခွင့်အလမ်းရှိစဉ်မှာ မိဘတွေအနေနဲ့လည်း သက်ဆိုင်ရာ ဆေးရုံ၊ဆေးပေးခန်းတွေမှာ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးရေးစီစဉ်ဖို့ အရေးကြီးတယ်လို့ ကျန်မာရေးတာဝန်ရှိသူတွေက တိုက်တွန်းပြောဆိုနေပါတယ်။ အသက်အပိုင်းအခြားအတွက် ဘယ်လိုကာလအလိုက် ထိုးပေးဖို့လိုပါသလဲ။
ကာကွယ်ဆေးတွေမှာ ဘေးဥပါဒ် အန္တရာယ်များ မရှိသလောက်နည်းပြီး၊ အသက်ဘေးအန္တရာယ် မဆုံးရှုံးရအောင်အထိ အကျိုးများတာမို့ အခွင့်အရေးလက်လွတ်မရှိစေဘဲ မိမိကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းနှိုးဆော်နေပါတယ်။
XS
SM
MD
LG