သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာတာရှည်ရောဂါများ ကာကွယ်ကုသရေး


ကူးစက်ရောဂါ မဟုတ်တဲ့ နာတာရှည်ရောဂါတွေဟာ ကမ္ဘာနဲ့ မြန်မာနိုင်ငံတို့မှာ အဖြစ်အများဆုံး ရောဂါတွေနဲ့ အသေအပျောက် အများဆုံးဖြစ်စေတဲ့ ရောဂါတွေ ဖြစ်လာပြီလို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုနေကြပါတယ်။

ဒီရောဂါတွေထဲက အဖြစ်များ၊ အသေအပျောက်များတဲ့ အဓိက ရောဂါကြီး (၄) မျိုးဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါနဲ့ နာတာရှည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဘယ်လိုကြောင့် အဖြစ်များလာရပါသလဲ။

ဒီရောဂါတွေ ဖြစ်ရခြင်း အကြောင်းရင်းတွေထဲမှာ ကျန်းမာရေး ထိခိုက်နိုင်တဲ့ အစားအစာတွေကို စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲခြင်းနဲ့ အရက်သေစာ အလွန်အကျွံ သောက်စားခြင်းတွေ ဖြစ်ပါတယ်။

ဒီရောဂါများ ဖြစ်ရခြင်း အကြောင်းရင်းတွေထဲက အဓိကတခုဖြစ်တဲ့ အစားအစာနဲ့ ပတ်သက်ပြီး ယေဘုယျအားဖြင့် ဘာတွေကို ရှောင်ရှားဖို့၊ ဆောင်ဖို့ လိုအပ်ပါသလဲ။

အသေးစိတ် သိရှိနားလည်းနိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG