သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာတာရှည်ရောဂါ ကာကွယ်ရေးနဲ့ နိုင်ငံတော်တာဝန်


အဓိက နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးနဲ့သွေးကြောရောဂါ၊ ကင်ဆာ၊ ဆီးချိုနဲ့ အသက်ရှုလမ်းကြောင်းရောဂါတွေကြောင့် သေဆုံးမှု့ များလာတဲ့အပြင်၊ ဆင်းရဲမှုလျှော့ချရေး နဲ့ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးကိုလည်း နှောင့်နှေးစေပါတယ်။
အခုလို အရေးပါလာတဲ့ ကျန်းမာရေးဆိုင်ရာ အဓိကပြဿနာတခုကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် ရောဂါဖြစ်နှုန်း၊ သေနှုန်း၊ ရောဂါဖြစ်ဖို့ အန္တရာယ်ရှိတဲ့အချက်တွေနဲ့၊ ကာကွယ်ရေးလုပ်ငန်များ ထိရောက်မှု့ရှိမရှိ စစ်တမ်းကောက်ယူ လုပ်ဆောင်မှုတွေအပြင်၊ ရောဂါဖြစ်ဖို့ အန္တရာယ် ဖြစ်စေတဲ့အချက်တွေကို လျှော့ချနိုင်ရေး၊ ကုသမှုစနစ် တိုးတက်ရေးနဲ့၊ မူဝါဒ၊ ဥပဒေဆိုင်ရာ ချမြှတ်ပင်ဆင်ပြီး၊ ဥပဒေတွေ တည်လာရေး ဆောင်ရွက်မှုတွေကို အခြားအစိုးရမဟုတ်တဲ့ အရပ်သားလူထုအဖွဲ့များနဲ့ ပူးပေါင်းကာကွယ် လုပ်ကိုင်ပေးသင့်ပါတယ်။

ဒီအကြောင်း အသေးစိတ် သိရှိနိုင်ဖို့ ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ် နဲ့ ကိုဝင်းမင်း တို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG