သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုတ်ကွေး နဲ့ ကလေးသေဆုံးမှု လျှော့ချရေး


သွေးလွန်တုတ်ကွေးရောဂါ (dengue fever) ဟာ မြန်မာနိုင်ငံမှာ ကလေးငယ်များ သေဆုံးမှု့ကို အဓိကဖြစ်စေတဲ့ ရောဂါတွေထဲကတခုဖြစ်တယ်လို့ မြန်မာကျန်းမာရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ မိုးရာသီကာလမှာ ပေါက်ဖွားမှုများတဲ့ ခြင်ကြားများ ကိုက်ရာကနေ ကူးစက်တဲ့ ဒီရောဂါဟာ မိုးရာသီမှာအဖြစ်များပေမဲ့ ရာသီမရွေး ဖြစ်နိုင်တာကို သတိပြုမိဖို့ အရေးကြီးတယ်လို့ ကျန်းမာရေး ပညာရှင်တွေကလဲ သတိပေးလိုက်ပါတယ်။

ဒီရောဂါကြောင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ပြင်းထန်တဲ့အဆင့် မရောက်ခင် စောစောစီးစီး ကြိုတင်ကုသမှု့ခံယူဖို့က အထူးရေးကြီးတယ်လို့လည်း ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။ အခုလို ပြင်းထန်တဲ့အဆင့် မရောက်ခင်လေးမှာဖြစ်တဲ့ အရေးကြီးတဲ့လက္ခဏာတခုကတော့ ကလေးအဖျားကျလာစဉ်မှာ ပြန်လည်လန်းဆန်းလာရမဲ့အစား၊ မလန်းဆန်းပဲ၊ မစားနိုင်၊မဆော့နိုင် နွမ်းလျသွားတာ ဖြစ်ပါတယ်။ တခြားဘာတွေကို သိထားဖို့လည်း လိုအပ်ပါသလဲ။
ဒီအကြောင်းကို အသေးစိတ် သိရှိနိုင်ဖို့ ရန်ကုန်ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာ/ပညာဌာန ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG