သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချိုသွေးချိုရောဂါ ပိုမဆိုးအောင် ကာကွယ်ရေး


မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ဆီးချိုရောဂါ ဖြစ်လာခဲ့ပြီးရင် ဒုတိယ၊ တတိယအဆင့်တွေအနေနဲ့ ကာကွယ်နိုင်ရင် သေဆုံးနိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သုံးသပ်ပြောဆိုပါတယ်။

အခုလို ဆီးချိုရောဂါ ပိုဆိုးမသွားအောင် ဒုတိယအဆင့်အနေနဲ့ ကာကွယ်ရာမှာ ထိရောက်စေနိုင်ဖို့ သွေးတွင်းအချိုဓာတ်များတာနဲ့ အဆီဓာတ်များတာ၊ သွေးတိုးတာတွေ မဖြစ်အောင် အတိအကျထိန်းပြီး၊ ကိုယ်အလေးချိန်ကိုလည်း တစုံတရာ လျှော့ချဖို့လိုပါတယ်။ အသက်မဆုံးရှုံးအောင်နဲ့ လူစဉ်မမှီ မဖြစ်အောင်လည်း တတိယအဆင့် ကာကွယ်ရေးအနေနဲ့ ဘယ်အချက်တွေကို ထိန်းဖို့၊ ရှောင်ဖို့၊ဆောင်ဖို့ လိုအပ်ပါလဲ။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ်နဲ့ ဆီးချိုအထူးကု ဒေါက်တာတင့်ဆွေလတ်, ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG