သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်စိ ရေတိမ်ရောဂါ


Glaucoma, A Stealth Disease And Major Cause of Blindness
Glaucoma, A Stealth Disease And Major Cause of Blindness
မျက်စိထဲမှာ ဖိအားများလာပြီး မျက်စိအာရုံကြောတွေကို ထိခိုက်ကာ အမြင်အာရုံ ဆုံးရှုံးစေနိုင်တဲ့ ရေတိမ်ရောဂါ စဖြစ်တာကို ဖြစ်ဖြစ်ချင်း သတိပြုမိကြတာ နည်းပါတယ်။ များသောအားဖြင့် အမြင်အာရုံ တဝက်နီးပါးဆုံးသွားမှသာ စတင် သတိပြုမိတတ်တာမို့၊ စောစောစီးစီ သိနိုင်ဖို့နဲ့ မှန်မှန်ကန်ကန် ကုသမှု့ခံယူနိုင်ဖို့ အရေးကြီးတယ်လို့ မျက်စိအထူးကုတွေက ဆိုကြပါတယ်။

မျက်စိကွယ်တဲ့အထိ မဖြစ်ရအောင် ရောဂါဖြစ်တာကို စောစောသိနိုင်ရေးအတွက်က ရောဂါဖြစ်ဖို့ အန္တရာယ်ပိုများသူတွေနဲ့၊ ရောဂါလက္ခဏာတွေကို သိထားဖို့လိုပြီး၊ မျက်စိ ပုံမှန်စစ်ဆေးဖို့လည်း လိုပါတယ်။ အသက်ကြီးလာရင် ပိုဖြစ်လေ့ရှိတဲ့ ဒီရောဂါမှာ ဘယ်လိုလူတွေဟာ ဒီရောဂါဖြစ်ဖို့ အန္တရာယ်ပိုများနေပြီး၊ ဘယ်လို လက္ခဏာတွေ ပြလေ့ရှိပါသလဲ။ ထိထိရောက်ရောက် ကုသနိုင်မှု့အဆင့်တွေကရော ဘယ်လိုရှိနေပါသလဲ။

ဒီအကြောင်း VOA သတင်းထောက် Jessica Berman သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်သန္တာမြင့်နဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG