သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးခေါင်းဒဏ်ရာ အရေးပေါ်ပြုစုမှု အပိုင်း (၂)


အသက်အန္တရာယ်ကြီးလှတဲ့ ဦးခေါင်းဒဏ်ရာအတွက် ဆေးရုံမရောက်ခင်မှာ အသက်ရှုမှန်ဖို့အပြင် သွေးထွက်တာကို ထိန်းနိုင်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။ ဦးခေါင်းဟာ သွေးထွက်များတဲ့နေရာ ဖြစ်တာမို့ သွေးဆုံးရှုံးမှု လွန်မသွားအောင် သွေးထွက်တဲ့နေရာကို ဖိအားပေးပြီး၊ ပတ်တီးစီးပေးခြင်းဖြင့် သွေးထွက်တာကို ထိန်းပေးနိုင်ပါတယ်။

ဦးခေါင်း၊ မျက်နှာနဲ့ လည်ပင်းတို့နဲ့ တဆက်ထဲရှိတာမို့ ဦးခေါင်းထိတဲ့ လူနာကို သယ်ဆောင်ရာမှာ အန္တရယ် မရှိအောင် လည်ပင်းရိုးကျိုးတဲ့ လူနာသယ်သလို တဖြောင့်တည်းထားပြီး သယ်ဖို့ အရေးကြီးပါတယ်။ ဘယ်လို အထောက်အကူပြုပစ္စည်းတွေ သုံးနိုင်ပါလဲ။ ဦးခေါင်းထိခိုက်တဲ့ လူနာအားလုံးကို ဆေးရုံတင်ထားပြီး စောင့်ကြည်ဖို့ အရေးကြီးသလို ဆေးရုံဆင်းပြီးနောက် သတိလစ်တာ ဖြစ်မဖြစ် ဆက်စောင့်ကြည့်ဖို့ လိုပါတယ်။ အိမ်ပြန်ရောက်ပြီး သတိလစ်တာ ရှိရင်တော့ ချက်ချင်းဆေးရုံပြန်ပို့ဖို့ အထူးအရေးကြီးပါတယ်။ ဘာကြောင့်ပါလဲ။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုးအထူးခွဲစိတ် ဆရာဝန်ကြီး၊ အရိုးရောဂါပညာ အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG