သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းရောင် အသားဝါ B ပိုး ကာကွယ်ရေး


မြန်မာနိုင်ငံသား အများစုဟာ အသည်းရောင် အသားဝါ B ပိုး ကူးစက်ခံထားရပြီး၊ နောက်ဆက်တွဲ ပြင်းထန်တဲ့ နာတာရှည်ရောဂါတွေဖြစ်တဲ့ အသည်းကင်ဆာ၊ အသည်းခြောက်တာတွေ အဖြစ်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိုနေကြပါတယ်။

အခုလို ပြင်းထန်တဲ့ နာတာရှည် အသည်းရောဂါတွေကို ဆက်ဖြစ်စေတဲ့ အသည်းရောင်၊ အသားဝါ B ပိုးဟာ ဖြစ်နှုန်းများလွန်းနေပေမဲ့၊ အလွယ်တကူ ကာကွယ်ဆေးထိုးပြီး ကာကွယ်ကုသနိုင်တဲ့အပြင်၊ B ပိုးရှိနေပြီးရင်လည်း ငွေကုန်ကြေးကျမများဘဲ ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

သို့သော်လည်း B ပိုးရှိနေစဉ် ရောဂါလက္ခဏာမပြဘဲ၊ ရောဂါပြင်းထန်လွန်းတဲ့ အဆင့်ရောက်မှ အသိနောက်ကျ သိရှိရတာမို့၊ ရောဂါရှိမရှိ ကြိုသိရှိဖို့ ဖြစ်နှုန်းများလွန်းတဲ့ မြန်မာနိုင်ငံမှာ လူတိုင်း B ပိုး ရှိမရှိကို ဆေးစစ်ကြည့်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီရောဂါအကြောင်း အသေးစိတ်သိရှိနားလည်းဖို့ အသည်းရောဂါ အထူးကု အငြိမ်းစားပါမောက္ခ ဒေါက်တာခင်မောင်ဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG