သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးတိုးရောဂါ ကာကွယ်ရေး


ဒီနှစ် ကမ္ဘာ့ကျန်းမာရေးနေ့မှာ အဓိကထား သတိပေးခဲ့ရတဲ့ သွေးတိုးရောဂါဟာ အဖြစ်များလာတဲ့အပြင်၊ အသေအပျောက်များစေတဲ့ ရောဂါတွေဆက်ဖြစ်စေတဲ့ အကြောင်းရင်းတခုလည်း ဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောဆိကြုပါတယ်။ ဒီရောဂါ မဖြစ်ခင်မှာ ကာကွယ်နိုင်ဖို့အတွက် မျိုးရိုးလိုက်တာအပါအဝင်၊ တခြားဖြစ်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ်နိုင်ဖို့ လိုပါတယ်။ ရောဂါဖြစ်လာပြီးရင်လည်း ရောဂါမကျွမ်းသွားအောင် ကာကွယ်ဖို့ သွေးတိုးတာ ပိုဖြစ်စေတဲ့ အစားအစာတွေ စားမိရင်၊ ချက်ခြင်းပြန်ဖြေဖို့ လိုပါတယ်။ သေစေနိုင်တဲ့ နောက်ဆက်တွဲ ရောဂါဆိုးတွေ ဝင်လာရင်တောင် အသက်မဆုံးရှုံးရရေး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိနေပါပြီ။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ကိုဝင်းမင်း က အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့ Methodist ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ နှလုံးနဲ့သွေးကြောဌာနက အဆင့်မြင့် နှလုံးရောဂါအထူးကု ဒေါက်တာထွဋ်ကျော်ဝင်းနဲ့ မေးမြန်းတင်ပြထားပါတယ်။
XS
SM
MD
LG