သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသည်းကင်ဆာ


မြန်မာနိုင်ငံဟာ အသည်းကင်ဆာ အဖြစ်အများဆုံး နိုင်ငံတွေထဲမှာ ပါတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေကြပါတယ်။ အသည်းကင်ဆာ အဓိကဖြစ်ရတာက အသည်းရောင် B ပိုး၊ C ပိုး၊ အရက်နဲ့ အသည်းအဆီဖုံးတာတွေကြောင့် ဖြစ်ပါတယ်။

အဓိကအကြောင်းရင်းတွေကို ကာကွယ်ကုသ ဖြေရှင်းပေးနိုင်ရင် အသည်းကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ဘယ်လို ကာကွယ်ကုသ၊ ဖြေရှင်းတာမျိုး ဖြစ်ပါသလဲ။ ရောဂါဖြစ်လာရင် စောစောသိဖို့ အရေးကြီးပြီး၊ အသည်းရောင်အသားဝါအတွက် ပုံမှန်စောင့်ကြည့် စစ်ဆေးတဲ့ ဆေးခန်းတွေ ရှိဖို့လိုပါတယ်။ စောစောသိခဲ့ရင် ခွဲစိပ်ပြီး ပျောက်အောင်ကုသပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ အသည်းအထူးကု အငြိမ်းစား ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG