သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပူပြင်းတာနဲ့ ကျန်းမာရေးသတိပြုစရာ


မြန်မာနိုင်ငံမှာ ဒီနှစ် အပူချိန် များလွန်းလာတာမို့ အပူကြောင့် နုံးချည့်မှုကနေ၊ တက်ပြီးအသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

အခုလို အပူလွန်ကဲတာကြောင့် ဖြစ်ရတဲ့ ရောဂါတွေကို ကာကွယ်ကုသနိုင်ဖို့ ခန္ဓာကိုယ်ကနေ အပူချိန်မတက်အောင် ပုံမှန်ထိန်းထားတဲ့ အဓိကနည်းအပြင်၊ ခန္ဓာကိုယ် အပူဒဏ်ခံရ သက်သာအောင်နဲ့ အပူတက်လာရင်လည်း ပြန်အေးပြီး ပုံမှန်ပြန်ဖြစ်သွားအောင် လုပ်နိုင်တဲ့နည်းတွေကို သိထားဖို့လိုပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာရေး ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG