သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ရင့်လာချိန်ကာလ စားသောက်သင့်ပုံ


ကိုယ်ဝန်ရင့်လာတဲ့ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် အစာမစားချင်တာ ဖြစ်တတ်ပေမဲ့ စနစ်တကျ ပိုစားဖို့ လိုအပ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြကြပါတယ်။ ကိုယ်ဝန်ရင့်လာချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် လေပွတာ၊ ပျို့အန်တာဖြစ်ပြီး မစားချင်တာ ဖြစ်ပေမဲ့၊ အာဟာရပြည့်ပြီး သန့်ရှင်းလတ်ဆတ် ပူနွေးတဲ့ အစာတွေကို နည်းနည်းနဲ့ ခဏခဏ စားပေးဖို့ အရေးကြီးပါတယ်။ ဘာကြောင့်ပါလဲ။

မွေးခါနီးအချိန် ကိုယ်ဝန်ပိုရင့်လာချိန်မှာတော့ အစာကြေလွယ်တဲ့ အစားအစာတွေကို နည်းနည်းနဲ့ အကြိမ်များစွာ ခွဲစားပေးဖို့ လိုပါတယ်။ ဘာကြောင့်ပါလဲ။ အယူအဆလွဲပြီး အစာဖြတ်ပစ်တာကြောင့် မဖြစ်သင့်တဲ့ ပြဿနာတွေ ရနိုင်ပါတယ်။ ဘယ်လို ပြဿနာမျိုးတွေပါလဲ။ ကိုယ်ဝန်ရင့်လာစဉ် ဝမ်းချုပ်တဲ့ ပြဿနာအတွက်ရော ဘယ်လို အစာတွေစားသင့်ပြီး၊ ဘယ်လိုဆေးတွေကို ဘယ်လို အခြေအနေမှာ သောက်သင့်၊ ရှောင်သင့်ပါလဲ။ လေပွတဲ့ ပြဿနာအတွက် ရှောင်ဖို့ဆေးတွေရော ရှိပါသေးလား။

ဒီအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG