သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး


အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး
အဆုပ်ရောဂါ (Tuberculosis) ကုထုံးသစ် နဲ့ ကာကွယ်ရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) က TB ရောဂါကြောင့် နှစ်စဉ်လူပေါင်း နှစ်သန်းနီးပါး သေနေရပြီး၊ နောက်ထပ်လူပေါင်း သန်းပေါင်း ၂၀၀၀ ခန့်ဟာလည်း ဒီရောဂါဖြစ်လာဖို့ အန္တရယ်ထဲ ကျရောက်နေတယ်လို့ သတိပေးထားပါတယ်။ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ TB အဖြစ်ဆုံး နိုင်ငံတွေထဲမှာ ပါနေပါတယ်။

အခု တွေ့ရှိလိုက်တဲ့ ကုထုံးသစ်မှာ Isoniazid နဲ့ Rifapentine ဆေး နှစ်မျိုးတွဲအသစ်ကို (၃) လကြာ တပတ်တကြိမ်ပဲ ဆေးကုသမှု့ ခံယူဖို့လိုပြီး၊ လက်ရှိ ပုံမှန်သုံးနေတဲ့ (၆) လ သို့မဟုတ် (၉) လကြာအောင် ဆေး နှစ်မျိုးထက်ပို နေ့စဉ်ရက်ဆက် သောက်ရတဲ့ ကုသမှု့တွေလိုပဲ ဒီ ကုထုံးသစ်က ထိရောက်မှု့ရှိပါတယ်၊ ဒီဆေးအတွဲသစ် သောက်ရတဲ့ဒဏ်ကိုလည်း လူတွေပိုခံနိုင်ပြီး ဆေးကုန်အောင် ပိုသောက်နိုင်ကြတယ်လို့ စမ်းသပ်တွေ့ရှိ လိုက်ပါတယ်။

လက်ရှိ ပုံမှန်သုံးဆေးတွဲတွေမှာ ဆေးအခွက် စုစုပေါင်း ၂၀၀ (သို့) ၃၀၀ နီးပါးသောက်နေရာကနေ၊ အခုအသစ် တွေ့လိုက်တဲ့ ဆေးမှာ (၁၂) ခွက်စာပဲ သောက်ရတော့တဲ့ ကုထုံးသစ်ကို အမေရိကန်နိုင်ငံက Centers for Disease Control and Prevention (CDC) အဖွဲ့ကလည်း ထောက်ခံချက်ပေးလိုက်ပါပြီ။

ဒါပေမဲ့ မသုံးသင့်သေးတဲ့သူတွေကိုလည်း ဒီ CDC အဖွဲ့ကြီးကပဲ သတ်မှတ်ပေးထားပါတယ်။ ဘယ်လိုလူအမျိုးအစားတွေ အတွက် ကန့်သတ်ထားတာပါသလဲ။

မြန်မာနိုင်ငံ TB တိုက်ဖျက်ရေးလုပ်ငန်းမှာရော ဒီနှစ်အတွင်း ဘယ်လို တိုးတက်မှု့တွေ နဲ့ စိမ်ခေါ်ချက်တွေ ရှိလာခဲ့ပါလဲ။ TB ကာကွယ်ရေး ရှေ့မှာ ပိုအားကောင်းလာစေဖို့ ဘယ်အချက်တွေကို လူအများသိထားသင့်ပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲမှာ TB တိုက်ဖျက်ရေး ကိုယ်တိုင် လက်တွေ့လုပ်နေတဲ့ ဒေါက်တာအေးယုစိုး နဲ့ မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG