သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Melanoma မဟုတ်တဲ့ အရေပြားကင်ဆာ


Melanoma အမျိုးအစားမဟုတ်တဲ့ အရေပြားကင်ဆာတွေဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာ (၁၀) ခုထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါတယ်။

ဒီ အရေပြားကင်ဆာတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက အဓိကဖြစ်တဲ့ နေအပူဒဏ်ခံလွန်းတာ၊ အာဆင်းနစ်ဓါတ်ပါတဲ့ရေကို သောက်မိတာတွေကို ရှောင်နိုင်ဖို့အပြင်၊ HPV ဗိုင်းရပ်ပိုး ကာကွယ်ဆေးတစ်မျိုး ထိုးထားဖို့တွေက ကာကွယ်ရေးအတွက် အရေးကြီးပါတယ်။ ဒါ့အပြင် အရေပြားကင်ဆာအမျိုးအစားတွေ ဖြစ်လာရင် စောစောစီစီး သိဖို့ကလည်း ထပ်တူအရေးကြီးပါတယ်။ အခုလို စောစောသိရင် လုံးဝပျောက်ကင်းအောင် ခွဲစိတ်ကုသပေးနိုင်တာမို့၊ ဘယ်လို ရောဂါလက္ခဏာတွေ ပေါ်တတ်တာကိုလည်း သိထားပြီး စောစောစီးစီး ဆေးရုံဆေးခန်းပြဖို့ လိုပါတယ်။

ဒီအကြောင်းတွေကို အသေးစိတ် သိရှိရဖို့ မြန်မာနိုင်ငံရှိ ကင်ဆာအထူးကုနဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာ ဦးစိုးအောင် ကို ဗွီအိုအေဝိုင်းတော်သား ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
XS
SM
MD
LG