သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဖြတ်ရောဂါ အဆင်မြင့်ကာကွယ်ရေး


သွေးကြောပိတ်တာကြောင့် ဖြစ်တဲ့ လေဖြတ်ရောဂါအမျိုးအစား တကယ် အပြည့်အဝ ဖြစ်လာတာမျိုး မဟုတ်ဘဲ၊ လေဖြတ်ချင်သလိုလိုပဲ ဖြစ်လာတဲ့အခါမှာ မသိမသာ ကြိုတင်လက္ခဏာတွေ ပြလေ့ရှိပါတယ်။ ဘာတွေ သိနိုင်ပါသလဲ။
အခုလို ကြိုတင်လက္ခဏာတွေကို သတိပြုမိတာနဲ့ ဆေးရုံ၊ဆေးခန်း အမြန်ပြသင့်ပါတယ်။ အခုလို အချိန်မှီဆေးရုံ ရောက်လာသူတွေအတွက် တကယ်လေဖြတ်တဲ့အဆင့်ထိ မဖြစ်သွားရအောင် အဆင့်မြင့်ကာကွယ်ပေးတဲ့ နည်းတွေ ရှိနေပါပြီ။ ဘယ်လိုနည်းတွေ ဖြစ်ပါသလဲ။ နောက်တခေါက် ပြန်မဖြစ်အောင်လည်း ဘာတွေသိဖို့၊ လုပ်ဖို့လိုပါသလဲ။

ဒါ့အပြင် တကယ်လေဖြတ်တဲ့ အဆင့်ရောက်သွားရင်ခဲ့ရင်တောင် အမြန်ဆေးရုံပြနိုင်ရင် ဒီအဆင့်မြင့်နည်းတွေကိုသုံးပြီး သွေးကြောကို ပြန်ဖွင့်ပေးခြင်းဖြင့် သက်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေ မသေအောင်လုပ်ပေးနိုင်ကာ လုံးဝလေ အပြီးဖြတ် မလှုပ်နိုင်မရှားနိုင် ဖြစ်သွားတဲ့ အဆင့်ထိ ဆိုးမသွားအောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။

ဒီအကြောင်း အမေရိကန်နိုင်ငံ Texas ပြည်နယ် Houston မြို့ရှိ Methodist ဆေးရုံ၊ နှလုံးနဲ့သွေးကြောဌာနက အဆင့်မြင့် နှလုံးရောဂါအထူးကု ဒေါက်တာထွဋ်ကျော်ဝင်း အား ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
XS
SM
MD
LG