သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီဘီရောဂါ ပျံ့ပွားမှု တိုက်ဖျက်ရေး


မြန်မာနိုင်ငံမှာ တီဘီဖြစ်နှုန်း တဖြည်းဖြည်း ကျဆင်းလာနေပေမဲ့၊ လက်လှမ်းမမီသေးတဲ့ တီဘီလူနာ သောင်းနဲ့ချီ ရှိနေသေးတယ်လို့ တီဘီတိုက်ဖျက်ရေး ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ အခုလို လက်လှမ်းမမီတာက တိုင်းပြည်မငြိမ်းချမ်းသေးလို့၊ လူအများစုနေထိုင်တဲ့ ကျေးလက်ဒေသတွေမှာ ဒီရောဂါကို စစ်ဆေးဖို့ လက်လှမ်းမမီသေးတာတွေကြောင့် ဖြစ်ပါတယ်။

လက်လှမ်းမီ လုပ်ဆောင်လာနိုင်အောင် အစိုးရနဲ့ ပြည်တွင်းပြည်ပ NGO တွေ ပူးပေါင်းပြီး ပြည်သူ့အခြေပြု တီဘီတိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ လှုပ်ရှားမှုအဖွဲ့တွေကို ကျေးလက်တွေကို စေလွှတ်ပြီး ပညာပေးနဲ့ ဆေးစစ်ပေးမှုတွေ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ ပြည်သူတွေဘက်က ချောင်းဆိုးတာ ပြင်းထန်လာရင် တီဘီရောဂါ ရှိမရှိဆေးစစ်ဖို့ နဲ့ တီဘီရောဂါ ရှိနေရင် အလျှင်အမြန် ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အငြိမ်းစားညွှန်ကြားရေးမှုးနဲ့ တီဘီတိုက်ဖျက်ရေး ကျွမ်းကျင်သူ ဒေါက်တာဝင်းမောင် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG