သုံးရလွယ်ကူစေသည့် Link များ

TB ဆေးမတိုးတာ ပိုဆိုးလာ


TB ရောဂါဆေးမတိုးမှု့ ပြင်းပြင်းထန်ထန် ဖြစ်တဲ့အဆင့် ကမ္ဘာတဝှမ်းမှာ အများကြီးတိုးပွားလာတာကို အမေရိကန်နိုင်ငံမှာလုပ်တဲ့ လေ့လာမှု့အသစ်တခုမှာ တွေ့ရှိလိုက်ပါတယ်။

CDC လို့ အတိုခေါက်ခေါ်တဲ့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုက အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် အာရှ၊ ဥရောပ၊ လက်တင်အမေရိကနဲ့ အာဖရိကဒေသတွေက နိုင်ငံပေါင်း ၆ နိုင်ငံမှာ TB ရှိသူပေါင်း ၁၂၀၀ ကျော်ကို လေ့လာခဲ့ရာမှာ ၄၄% မှာ TB ပထမအဆင့်ကုတဲ့ ဆေးမတိုးတော့တာအပြင်၊ TB ဒုတိယအဆင့်ကုတဲ့ ဆေးတွေကိုပါ မတိုးတော့တဲ့ TB အမျိုးအစား ပြန့်ပွားနေတာကို အရေးပေါ်အခြေအနေအဖြစ် တွေ့ရှိလိုက်ပါတယ်။

အခုလို အများကြီးပိုဆိုးလာတဲ့ အခြေအနေကြောင့် အများကြီးပိုဈေးကြီးပြီး ရှားပါးတဲ့ ဆေးတွေကို နှစ်နဲ့ချီပြီးသောက်ရမှာမို့၊ လက်ရှိနှစ်စဉ်လူပေါင်း ၈ သန်းကျော် ခံစားနေရတဲ့ TB ရောဂါကြောင့်၊ လူပေါင်း ၁ သန်းကျော် နှစ်စဉ် သေဆုံးနေတာကနေ၊ သေဆုံးမှု့ အများကြီးပိုများလာမှာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စိုးရိမ်နေပါတယ်။

ကမ္ဘာပေါ်မှာ TB အဖြစ် အများဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့ မြန်မာနိုင်ငံထဲမှာလည်း နိုင်ငံတွင်းအဖြစ် အများဆုံးကူးစက်ရောဂါတွေထဲမှာ ဒီ TB ရောဂါလည်း ပါနေပြီး၊ TB ပထမအဆင့်ဆေးကို မတိုးတော့တဲ့ TB အမျိုးအစား တွေ့ထားပြီးတာ ကြာလာပြီမို့၊ အခုလို ပြင်းပြင်းထန်ထန် ဆေးမတိုးမှု့ အမျိုးအစားကရော ဘယ်လိုအနေအထားရှိနေပါလဲ။

မြန်မာနိုင်ငံထဲမှာ လက်ရှိဆေးမတိုးမှု့ အခြေအနေကနေ ပိုမဆိုးအောင် TB ဖြစ်ဖို့ အန္တရာယ်ရှိထားသူတွေအနေနဲ့ အမြန်ဆုံးဆေးစစ်ကြဖို့နဲ့၊ ရောဂါရှိတာတွေ့ရရင်လဲ စောစောစီစီးကုမှု့ခံယူကာ၊ ဆေးမှန်မှန် ဆေးပတ်ကုန်အောင် ၆ လ သောက်ခြင်းအားဖြင့် ကာကွယ်မှု့တွေ ပြုလုပ်နိုင်ကြပါတယ်။

ဒီအကြောင်း VOA သတင်းထောက် Jessica Berman သတင်းပို.ထားတာနဲ့၊ မြန်မာနိုင်ငံထဲမှာ TB ရောဂါလျော့ကျရေး ဝိုင်းကူပေးနေတဲ့ Dr. အေးယူစိုးကို မေးထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
XS
SM
MD
LG