သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီဘီရောဂါ ကူးစက်မှု ကျဆင်းရေး


ကမ္ဘာမှာ တီဘီ အဖြစ်အများဆုံး နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ တီဘီ ဖြစ်တာ မသိသူ၊ လက်လှမ်းမမီသူ များနေတာကို ဖြေရှင်းနိုင်ဖို့၊ လူတဦးချင်းအနေ နဲ့ ဒီရောဂါ ရှိမရှိ ကြိုတင်ဆေးစစ်ခြင်း နဲ့ ရောဂါရှိသူကို စောစောဆေးကုပေးဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

တဦးချင်းအနေနဲ့ သိသင့်တဲ့ ရောဂါလက္ခဏာတွေကတော့ နှစ်ပတ်ကျော်ကြာ ချောင်း ပြင်းပြင်းထန်ထန်ဆိုးတာ၊ သလိပ်ထဲ သွေးပါတာ၊ အဖျားရှိပြီး ဝိတ်လျော့ပိန်လာတာတို့ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေ ရှိလာရင် အလျင်အမြန် ဆေးစစ်ပြီး၊ တီဘီ ရောဂါရှိနေရင် ဆေးကုသမှုကို ချက်ချင်းခံယူခြင်းဖြင့် အခြားသူတွေကို မကူးစက်၊ မပြန့်ပွားဖို့ အများကြီး လျော့ချကာကွယ်နိုင်ပါတယ်။ တဦးချင်းအနေနဲ့ တခြား ဘာလုပ်နိုင်ပါသေးလဲ။

တီဘီရောဂါ ပညာပေးရာမှာ ကျေးလက်မြို့ရွာ စာကြည့်တိုက်တွေမှာ တီဘီအကြောင်း လက်ကမ်းစာစောင် ထားပေးတာ နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကျန်းမာရေး ပညာပေး အစီအစဉ်တွေ တင်ဆက်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒီ ရောဂါ စစ်ဆေး၊ ကုသတာကို လက်လှမ်းမီနိုင်အောင် ကျန်းမာရေး အဖွဲ့အစည်းတွေအနေနဲ့ ရောဂါလက္ခဏာရှိတဲ့ လူနာတွေဆီ အရောက်သွားပြီး သလိပ်စစ်၊ ကုသမှုတွေ လုပ်ပေးနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အငြိမ်းစား ညွှန်ကြားရေးမှုး နဲ့ တီဘီ တိုက်ဖျက်ရေးကျွမ်းကျင်သူ ဒေါက်တာဝင်းမောင် ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG