သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ဝန်ကြီး ကလင်တန် ဆေးရုံ တင်ရ
နောက်ဆုံးရသတင်း

ဝန်ကြီး ကလင်တန် ဆေးရုံ တင်ရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် ဟာ မကြာသေးခင်က ရုတ်တရက် သတိမေ့မြောမှုဖြစ်ခဲ့ ပြီးတဲ့နောက် သွေးခဲသွားတဲ့အတွက် ဆေးရုံတင်ပြီး ကုသမှုခံယူနေရပါတယ်။

မစ္စကလင်တန်ရဲ့ ဆရာဝန်တွေက တနင်္ဂနွေနေ့တုံးက နောက်ဆက်တွဲ ကျန်းမာရေး စစ်ဆေး မှုတွေ ပြုလုပ် ရာမှာ သွေးခဲနေ တာကို တွေ့ရှိခဲ့ ရတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ က ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ သတင်းပတ် အနည်းငယ်တုံးက သူမ မူးလဲ သွားခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်နေတယ်လို့ ပြောပါတယ်။

မစ္စကလင်တန်ဟာ နယူးယောက်မြို့မှာရှိတဲ့ New York-Presbyterian ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။ နောက်ထပ် ၂ ရက်လောက် ဆရာဝန်တွေရဲ့ စောင့်ကြပ်ကြည့်ရှုမှု အောက်မှာ ဆက်လက်ထားရှိရဖွယ် ရှိပါတယ်။

ဆရာဝန်တွေက သူမရဲ့ အခြေအနေကိုစောင့်ကြည့်နေပြီး နောက်ထပ်ဘယ်လို ဆက်လက် ကုသပေးရမယ်ဆိုတာကိုဆုံးဖြတ်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန
ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
XS
SM
MD
LG