သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အစိုးရနဲ့ မူဆလင်သူပုန် ငြိမ်းချမ်းရေး


ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အစိုးရတပ်နဲ့ မူဆလင်သူပုန်တွေကြား ဆယ်စုနှစ်တွေ ချီပြီး ဖြစ်ပွားနေခဲ့တဲ့ ခွဲထွက်ရေး သူပုန်တိုက်ပွဲနဲ့ ပဋိပက္ခတွေကို ၂၀၁၆ခုနှစ်မှာ အဆုံးသတ်နိုင်ဖို့ ကနဦး ငြိမ်းချမ်းရေးအချက်တွေကို နှစ်ဘက် လက်မှတ်ထိုး သဘောတူညီလိုက်ပြီဖြစ်ပါတယ်။
သမ္မတ Benigno Aquino ဘန်နီနို အကွီနိုနဲ့ Moro Islamic Liberation Front (MILF) မိုရိုအစ္စလာမ်လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ Al Haj Muradမူရတ်အီဘရာဟင်တို့က သက်သေအဖြစ်နဲ့ မနီလာမြို့တော်မှာ သမ္မတနန်းတော်မှာ ကျင်းပတဲ့ လက်မှတ်ထိုးပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ဒီသဘောတူညီချက်မှာ ဘမ်ဆွန်မိုရို Moro Islamic Liberation Front (MILF) လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထူထောင်ဖို့အတွက် လုပ်ပိုင်ခွင့်၊ အခွန်၊ တောင်ပိုင်းဒေသ နယ်မြေပိုင်ဆိုင်မှု စတဲ့အချက်အလက်အတိအကျတွေကို သတ်မှတ်ဖော်ပြကြပါတယ်။

ဒီလထဲမှာ မလေးရှားမြို့တော် ကွာလာလမ်ပူမှာ MILF သူပုန်တွေနဲ့ ဖွဲ့စည်းပုံ ညှိနှိုင်းဆွေးနွေးခဲ့တဲ့ အဖွဲ့ဝင်၁၅ဦးပါဝင်တဲ့ အသွင်ကူးပြောင်းရေး ကော်မရှင်ကိုထူထောင်ခဲ့ပါတယ်။ ဒီအဖွဲ့က မူဆလင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသစ်ထူထောင်ဖို့ဥပဒေမူကြမ်းကို ၂၀၁၆ခုနှစ်မှာ အပြီးရေးဆွဲရမှာဖြစ်ပါတယ်။
XS
SM
MD
LG