သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV/AIDS ခွဲခြား ဆက်ဆံခံရမှုပပျောက်ရေး ဒေါ်စု ဆောင်ရွက်မည်


HIV/AIDS ဝေဒနာသည်တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော် စည်းရုံးသူအဖြစ် လုပ်ဆောင်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ UNAIDS က ခန့်ထားလိုက်ပါတယ်။

အိပ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေနဲ့ပတ်သက်ပြီး စိုးရိမ် ကြောက်ရွံ့မှုတွေနဲ့ ခွဲခြား ဆက်ဆံမှုတွေ မြန်မာနိုင်ငံ အပါအဝင် တကမ္ဘာလုံးမှာ ပပျောက်သွားဖို့ အတွက် ဒေါ်အောင်ဆန်း စုကြည်က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

UNAIDS အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Michel Didibe နဲ့ နေပြည်တော်က ဒေါ်အောင် ဆန်းစုကြည်ရဲ့ နေအိမ်မှာ မကြာ သေးခင်က တွေ့ဆုံခဲ့တဲ့အချိန်အတွင်း အခုလိုလုပ်ဆောင်ဖို့ ပန်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းနဲ့ဝေးရာ အစွန်အဖျားမှာ နေထိုင်နေရပြီး နေ့စဉ် ရုန်းကန်နေရသူတွေအနေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ထိန်းသိမ်းနိုင်ရေးအတွက် လုပ်ဆောင်ပေးရမယ့် လူတယောက်အဖြစ် ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူပါ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါ တယ်။ လျစ်လျူရှု မေ့လျော့ခံထားရသူတွေအတွက် ကိုယ်စားပြု လုပ်ဆောင်ပေးရသူ တယောက် ဖြစ်ချင်ပါတယ်လို့လည်း ဆိုပါတယ်။

ရွာသေးလေးတွေကနေ မြို့ကြီးတွေအထိ၊ အာဖရိကကနေ အာရှအထိ လူတွေဟာ ဒေါ်အောင် ဆန်းစုကြည်အကြောင်း ပြောဆို နေကြကြောင်း၊ သူဟာ စိတ်ခွန်းအားတက်ကြွစေ သူဖြစ်ကြောင်း၊ ဝေဒနာသည်တွေအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် UNAIDS အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်စည်းရုံးသူအဖြစ် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ပေးမယ့်အတွက် ဂုဏ်ယူပါ ကြောင်းနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ရင်ဆိုင်ပြောဆို တဲ့နေရာမှာ နေရာတိုင်းက လူမှုအဝန်းအဝိုင်း ခေါင်းဆောင်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံနမူနာက စိတ်ခွန်အားတက်ကြွစေမယ်လို့ မျှော်လင့်ပါကြောင်း မစ္စတာ Sidibe က ပြောပါတယ်။
XS
SM
MD
LG