သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ် HIV ၂၀၃၀ မှာ ပပျောက်နိုင်


ံHIV AIDS ကင်းစင်ရေးကမ်ပိမ်း အိန္ဒိယနိုင်ငံ။
ံHIV AIDS ကင်းစင်ရေးကမ်ပိမ်း အိန္ဒိယနိုင်ငံ။

အာရှနဲ့ ပစိဖိတ် နိုင်ငံတွေအတွင်း ၂၀၃၀ ခုနှစ်နောက်ဆုံးထားပြီး HIV AIDS ကင်းစင်ရေး ပူုးပေါင်းလုပ်ဆောင်ကြဖို့ အာရှနှင့် ပစိဖိတ်ရေးရာ ကုလသမဂ္ဂ စီးပွါးရေးနဲ့ လူမှုရေးကော်မရှင် UNESCAP က ဒီကနေ့ သတင်း ထုတ်ပြန် လိုက်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမှာတော့ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနဲ့ HIV လုူနာတွေအပေါ် ပြည်သူလူထုရဲ့ အမြင်တွေကြောင့် ဒီမျှော်မှန်းချက်ပြည့်မှီနိုင်ဖို့ အခက်အခဲတွေတော့ ရှိနေပါသေးတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်မေးမြန်း သတင်းရယူထားတဲ့ နန်းလောဝ် က ပြောပြမှာပါ။

အာရှနဲ့ ပစိဖိတ်နိုင်ငံတွေထဲက လူဦးရေ ၆ သန်းလောက်ဟာ HIV ပိုး ကူးစက် ခံနေရပြီး သူတို့တွေထဲက ၃၃ ရာခိုင်နှုန်းလောက်သာ ကုသမှု ရနေကြ တာပါ။ မြန်မာနိုင်ငံအတွင်းမှာတော့ HIV ကူးစက်ခံ ထားရ သူပေါင်း နှစ်သိန်းနီးပါးလောက် ရှိနေပြီး သူတို့တွေထဲက AIDS ကြောင့် အသက်သေဆုံးသူပေါင်း တစ်သောင်းတစ်ထောင်လောက်ရှိတယ်လို့ UNAIDS က ခန့်မှန်းထားပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲ၊ ဘာသာစကားအခက်အခဲ၊ ကျန်းမာရေး ဝန်ဆောင်မှု အားနည်းတာနဲ့ လူတွေနဲ့မသိနားမလည်မှုကြောင့် အပြင်၊ ကိုယ့်ကို ကိုယ်ရောဂါပိုး ကူးစက်ခံထားရမှန်း မသိသူတွေ အများကြီးရှိနေသေးတဲ့အတွက် HIV ကူးစက်မှု ကျဆင်းရေး အခက်အခဲတွေ အများကြီးရှိနေပါသေးတယ်။

UNESCAP ရဲ့ မျှော်မှန်းချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ဖြစ်နိုင်မှုရှိမရှိကို အမျိုးသမီး တွေရဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုရရှိရေးကို လုပ်ဆောင်နေတဲ့ဲ့ Marie Stope International ရဲ့ အကြီးအကဲ ဒေါက်တာစစ်နိုင်က ခုလိုပြောပါတယ်။

" ဖြစ်ရမှာပေါ့ ဆရာမရယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အခက်အခဲတွေရှိပါတယ်။ မပြည့်စုံဘူးဆိုတဲ့ ကြားထဲက အတိုင်းအတာတခုအထိ လုပ်ထားနိုင်တာပေါ့နော်။ အဲ့တော့ ဖြစ်နိုင်ခြေရှိပါတယ်။ အခု ၂၀၁၅၊ နောက် ၁၅ နှစ်ဆိုတော့ ဖြစ်နိုင် တာပေါ့။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ကနေ ချော်ကျ သွားနိုင်တယ်။ ပျက်သွားနိုင်တယ် ဒါမျိုးတွေ ရှိတဲ့အခါကျတော့ ပြောရမယ် ဆိုရင်တော့ အကြီးအကျယ် သဘာဝဘေးအန္တရာယ် အကြီးအကျယ်ခံရရင် ဒါ ကိုယ် လုပ်တိုင်း ဖြစ်မှာမဟုတ်ဘူးပေါ့။

နောက်တခါ ထားပါတော့ ပြည်တွင်းစစ်လိုမျိုး အကြီးအကျယ်ကြီး ဖြစ်လာရင် ကိုယ်ဘာလုပ်လုပ် ဒီရောဂါနဲ့ပတ်သက်လို့ ပြန်ပြန့်တာတွေ ပွားတာတွေ ရှိနိုင်တာပေါ့နော်။ ဥပမာ ပြောရမယ်ဆိုရင် ထားပါတော့လေ ဥပဒေကြောင်းအရ ပြင်ဆင်ပြောင်းလဲရမယ့်ဟာမျိုးတွေ တိုးတက်အောင် လုပ်ရမယ့်ဟာမျိုးတွေ မလုပ်ဖြစ်ဘူးဆိုရင်တော့ ဘယ်လိုခေါ်မလဲ အနှောင့်အယှက်အခက်အခဲလေးတွေ ရှိနိုင်တာပေါ့။"

တဆက်တည်းမှာဘဲ စာသင်ကျောင်းတွေမှာ HIV AIDS နဲ့ပတ်သက်လို့ သင်ကြားပေးတာမျိုး ရှိနေပေမယ့်လည်း အရံသင်ရိုးညွန်းတမ်းသဘောလိုဖြစ်နေပြီး သင်ကြားမှု အပိုင်းမှာရော ကျောင်းသား နဲ့ မိဘတွေဘက်ကပါ သင်ယူမှုအပိုင်းကို စိတ်ဝင်စားမှု အားနည်းနေသေးတဲ့အတွက် လည်း အတော့်ကို အားပေးရဦးမယ်လို့ဒေါက်တာ စစ်နိုင်က ဆက်ပြောသွားပါတယ်။

ဒါနဲ့ပတ်သက်လို့ ကိုယ်တိုင်လည်း HIV ရောဂါပိုးရှိတဲ့သူ လည်းဖြစ်တဲ့ ရောဂါသည်တွေ အရေး မြန်မာနိုင်ငံအတွင်း က နယ် အတော်များများမှာ ကွန်ယက်ဖွဲ့ြ့ပီး လုပ်ကိုင်ပေးနေတဲ့ Phoenix အဖွဲ့ကို ဦးဆောင်တည်ထောင်သူ ကိုသီဟကြိုင်က နယ်ကလူနာတွေရဲ့ဆေးကုသမှုအပိုင်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သူက VOA ကို ခုလိုပြောပါတယ်။

" သူတို့က လူနာဆက်ဆံတဲ့နေရာမှာ ကျနော်တို့ NGO တွေ သွားပြီဆိုရင် တခုခုဖြစ်ရင် ကွန်ပလိမ်းလုပ်လို့ရတယ်။ ဒီဆေးရုံတွေ ကို သွားတဲ့အခါမှာတော့ ကျနော်တို့ဘက်က အမြင်မှာတော့ ခုန NGO တွေလို အင်အားတောင့်တောင့်တင်းတင်းကြီးနဲ့ လုပ်ပေးနိုင်လောက်အောင်ကလည်း လူအင်အားအနေနဲ့ကတော့ ကျနော်မြင်တာတော့ သိပ်ပြီးတော့ မရှိဘူး။ အမြင်ပေါ်မှာလည်းပဲ HIV လူနာတွေကို ဆက်ဆံတဲ့အခါမှာ အဓိက အပြောအဆိုပဲပေါ့။ အပြောအဆိုလေးတွေမှာ အဆင်မပြေဖြစ်တဲ့အခါကျတော့ လူနာအနေနဲ့ နဂိုကမှ HIV ဖြစ်လို့ အားငယ်နေရတဲ့အထဲ သူတို့ကို အဲ့လိုပြောလိုက်ရင် သူတို့က ပိုပြီးတော့ အပြောအဆိုအဆင်မပြေရင် ပိုအားငယ်ပြီးတော့ ဆေးတွေဘာတွေ ယူချင်စိတ် မရှိကြတော့ဘူး။ အဲတ့ာလေးတွေ အခုထက်ထိ ကြားနေ တွေ့နေရတယ်။"

ရောဂါပိုးရှိနေသူ လူနာအများစုက အစိုးရဆေးရုံဆေးခန်းထက်စာရင် NGO အဖွဲ့တွေဆိုကိုသာ ပိုပြီးသွားချင်ကြတယ်လို့လည်းဆိုပါတယ်။ အစိုးရရဲ့ Decentralize ဆိုတဲ့ အစီအစဉ်နဲ့ နယ်မြို့ကြီးတွေရဲ့မြို့နယ် ဆေးရုံတွေမှာ လည်း ART ဆေးတွေကို အလကား ပေးနေပြီၤဖြစ်တဲ့အတွက် ဆေးယူလိုရင်ယူလို့ရနေပြီလို့ ကိုသီဟကြိုင်က ဆက်ပြောပါတယ်။

မြန်မာပြည်တွင်းက HIV AIDS နဲ့ပတ်သက်လို့ အစိုးရရဲ့ လုပ်ကိုင်နေတဲ့အပိုင်းနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

UNESCAP ရဲ့ ၂၀၃၀ ခုနှစ်မှာ AIDS ကင်းစင်ရေးအတွက် ဒီသီတင်းပတ်အတွင်း ဘန်ကောက်မှာ လုပ်တဲ့ အာရှပစိဖိတ် ညီလာခံကို တက်ရောက်ခဲ့တဲ့နိုင်ငံပေါင်း ၃၀ က တက်ရောက်လာသူတွေက ဒီမျှော်မှန်းချက်ပြည့်မှှီရေးအတွက် အားသွန် ခွန်စိုက်လုပ်ဆောင်သွားဖို့ ကတိကဝတ်ပြုသွားကြပါတယ်။

XS
SM
MD
LG