ဟောင်ကောင်ကျွန်းမှာ တနင်္ဂနွေနေ့ ညပိုင်းကလုပ်ခဲ့တဲ့ နှစ်ပတ်လည် နှစ်သစ်ကူး အလှပြစီတန်း လှည့်လည်ပွဲကို ထောင်းပေါင်းများစွာသော သူတွေ စောင့်ကြည့်ခဲ့ကြပါတယ်။ နိုင်ငံနဲ့ ဒေသပေါင်း ၁၄ ခုကပါဝင်တဲ့ အုပ်စုလိုက် အလှပြဖျော်ဖြေသူတွေ၊ အလှပြယာဉ်တွေ စုစုပေါင်း ၃၆ ခုက ဟောင်ကောင် မြို့လမ်းတွေကို စီတန်း လှည့်လည်ပြီး မြွေနှစ်ကို ကြိုဆိုခဲ့ကြပါတယ်။
ဟောင်ကောင် ခရီးသွားဘုတ်အဖွဲ့က စီစဉ်တဲ့ နှစ်သစ်ကူး အလှပြယာဉ်တွေ လှည့်လည်ပြသမှုဟာ ဒီနှစ်နဲ့ဆိုရင် ၁၈ နှစ်ရှိပြီ ဖြစ်ပါတယ်။ အလှပြကားတွေ ည ၈ နာရီမှာ စထွက်တာဖြစ်ပေမဲ့ သေသေ ချာချာ မြင်ရဖို့ လူတွေဟာ နေ့လယ်ပိုင်းထဲက နေရာကောင်းတွေမှာ စောင့်နေခဲ့ကြပါတယ်။
ဟောင်ကောင်မှာ တရုတ်နှစ်သစ်ကူးအတွက် ရုံး ၃ ရက် ပိတ်ပါတယ်။ ဟောင်ကောင်ရဲ့ နံမည်ကျော် ဗစ်တိုးရီးယား ဆိပ်ကမ်းမှာ တနင်္လာနေ့ညကျရင် မီးရှူးမီးပန်းတွေကို အကြီးအကျယ် ပစ်ဖောက်ဦးမှာဖြစ်ပါတယ်။