သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အာဏာလွဲှပြောင်းရေး အစီအစဉ် ဆွေးနွေးဆဲ


မတ်လ ၁၁ရက်နေ့ က နေပြည်တော်တွင် ကျင်းပသော နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု စနစ်တကျ ရှိစေရေးနှင့် ဝန်ကြီးဌာန များလွှဲပြောင်းမှု ချောမွေ့အဆင်ပြေရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး။ ဓါတ်ပုံ (Official publication)
မတ်လ ၁၁ရက်နေ့ က နေပြည်တော်တွင် ကျင်းပသော နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမှု စနစ်တကျ ရှိစေရေးနှင့် ဝန်ကြီးဌာန များလွှဲပြောင်းမှု ချောမွေ့အဆင်ပြေရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး။ ဓါတ်ပုံ (Official publication)

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီ NLD က ဖွဲ့မယ့် အစိုးရအဖွဲ့ကို ချောချောမွေ့မွေ့ အာဏာ လွဲှပြောင်းနိုင်ရေးအတွက် လက်ရှိဦးသိန်းစိန်အစိုးရ တာဝန်ရှိသူတွေနဲ့ NLD ကိုယ်စားလှယ်တွေအကြား အသွင်ကူးပြောင်းရေးနဲ့ အာဏာလွဲှပြောင်းရေး ဆိုင်ရာ ဆွေးနွေးဆောင်ရွက်နေတဲ့နေရာမှာ၊ သမ္မတ အာဏာ အလွဲှအပြောင်း အခမ်းအနား အသေးစိတ်အစီအစဉ်နဲ့ပတ်သက်လို့ နှစ်ဖက် သဘောကွဲလွဲမှု အချို့ရှိနေပါတယ်။ ဒါပေမယ့်လည်း အစိုးရတာဝန် အလွဲှအပြောင်း အတွက် နှစ်ဖက်စလုံး ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘော ဆွေးနွေးနေကြပြီး၊ ဆွေးနွေးမှုတွေကို အခု မတ်လအလယ်မှာ ဆက်လုပ်သွားမယ်လို့ ဆွေးနွေးမှုမှာ ပါဝင်တဲ့ သမ္မတ ရုံးညွန်ကြားရေးမှုး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။ မနေ့တုန်းက လုပ်တဲ့ နှစ်ဖက်ဆွေးနွေးပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဇော်ဌေးကို ကိုထက်အောင်က ဆက်သွယ်မေးမြန်းထားတာပါ။

လွှဲပြောင်းတာက ပြောရရင်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ မပါဘူးပေါ့။ ၂၀၁၀ နှစ်ကုန်ပိုင်းပေါ့ သမ္မတ ဦးသိန်းစိန် အစိုးရကို ဟိုလိုမျိုး လွှဲပြောင်းတာမျိုး မဟုတ်ဘူး။ အဲဒီတုန်းက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆီက မတ်လ ၃၀ရက်မှာ ကြေငြာချက် ထုတ်တယ်ပေါ့။ အဲဒီ အမိန့်ကြေငြာစာမှာ ဘာပါလဲဆိုတော့ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာကြီး သုံးရပ်လုံးကို အပ်နှင်းလိုက်သည်၊ လွဲပြောင်းပေးလိုက်သည် ဆိုပြီးတော့ ပါတယ်။ အဲဒီတော့ နယက က ဘာလဲဆိုရင် အာဏာသုံးရပ်လုံးကို ကိုင်ထားတာပေါ့။ ကိုင်ထားတာကနေ ဒီ လွှတ်တော်တွေ အစိုးရတွေ၊ သီးခြား တရားလွှတ်တော်ချုပ်ပေါ့ အဲဒီလို institution တွေ ပေါ်လာတဲ့အခါမှာ ဒီဟာကို ပြန်ပြီး လွှဲအပ်လိုက်တယ် ဆိုပြီးတော့ အမိန့်ကြေငြာစာနဲ့ လွှဲတာ။ ဒီသမ္မတ အာဏာလွှဲပြောင်းရေးနဲ့ ပက်သက်ပြီးတော့ပေါ့လေ။

မေး။ ဒီ သမ္မတ အာဏာလွှဲပြောင်းရေးနဲ့ ပက်သက်ပြီးတော့လေ။ NLD ဘက်ကတော့ လွှတ်တော်မှာပဲ လုပ်ချင်တယ် ဆိုတဲ့ သဘောမျိုး ပြောပါတယ် ခင်ဗျ။ ဒါပေမယ့် အန်ကယ်တို့ကတော့ သမ္မတအိမ်တော်မှာပဲ လုပ်ပြီးတော့ အခမ်းအနား တစ်ရပ်နဲ့ လုပ်မယ်ဆိုပြီးတော့ သတင်း ထုတ်ပြန်ထားပါတယ်။ အဲဒါနဲ့ ပက်သက်ပြီးတော့ ဘယ်လို ကွဲလွဲမှုတွေ ရှိသေးလဲခင်ဗျ။ ညှိနှိုင်းလို ရခဲ့ပါသလား ခင်ဗျ။

ဘာလဲဆိုတော့ NLD က လုပ်တာက သမ္မတအဆင့် ကျမ်းကျိန်တဲ့အဆင့် ကိစ္စ။ ခုနက ကျွန်တော် ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါထားတဲ့ သမ္မတ အသစ်က ဘာ စာသားတွေကို ကျိန်ဆို ကတိသစ္စာ ပြုရမလဲ ဆိုတဲ့ဟာ။ အဲဒါက ပြည်ထောင်စု လွှတ်တော် ဥပဒေ ဆိုင်ရာ နည်းဥပဒေတွေ အရ ပြည်ထောင်စု လွှတ်တော် နာယကတွေရှေ့မှာ ကျိန်ဆိုတဲ့ ဟာပေါ့နော်။ အဲဒီမှာ သမ္မတ ကျမ်းကျိန်တာပါပြီ။ သို့သော် အဟောင်းအသစ် လွှဲပြောင်းတဲ့ဟာက နဂိုကတည်းက မပါဘူး။ အဲဒီတော့ NLD ပြောနေတဲ့ ဟာက သမ္မတ အသစ် ကျမ်းကျိန်တဲ့အပိုင်း ပေါ့နော်။

ဒီဘက်က ကျွန်တော်တို့ ထပ်ပြီးတော့ ဖြည့်စွက်တာက ဒါက အစဉ်အလာပေါ့နော် အသစ်တစ်ခုဖြစ်သွားအောင် ကျွန်တော်တို့ စဉ်းစားတဲ့အပိုင်းက သမ္မတ အဟောင်းအသစ် လွှဲတာ။ ဟိုဘက်က သမ္မတ က ကျမ်းကျိန်တာနဲ့ သမ္မတ ဖြစ်သွားပြီ။ ဖြစ်သွားတဲ့အခါမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေပေါ့နော် နယက ကနေပြီးတော့ သမ္မတ ဦးသိန်းစိန်ကို လွှဲခဲ့သလို စာတစ်စောင်ထဲနဲ့၊ အမိန့်ကြော်ငြာစာ တစ်စောင်ထဲနဲ့ လွှဲခဲ့သလိုမျိုး မဟုတ်ပဲနဲ့၊ နောင် အစိုးရ အစဉ်အဆက် သမ္မတ အစဉ်အဆက် လုပ်လို့ ရအောင် ကျွန်တော်တို့က ပြန်ပြီးတော့ ရှေးတုန်းက လွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ့နော် အဲဒီခေတ်ကို ပြန်ကြည့်ပြီးတော့ လုပ်ခဲ့တဲ့ ဟာတွေကို ကျွန်တော်တို့က ပြန်ယူတာ။

မေး။ အခမ်းအနားလုပ်တာနဲ့ ပက်သက်ပြီးတော့ NLD ဘက်ကရော သဘောတူပါရဲ့လားခင်ဗျ။

Symbol ပေါ့နော်။ သူ့ရဲ့ သင်္ကေတအနေနဲ့ ဘယ်လို သုံးကြမလဲ ဆိုတာ ကျွန်တော်တို့ဘက်က စဉ်းစားထားတဲ့ အိုင်ဒီယာနဲ့ အစီအစဉ်လျာထားချက်ပေါ့။ ဒီအပေါ်မှာ ကျွန်တော်တို့ နှစ်ဖက် ပြန်ညှိပြီးတော့ လုပ်နေတာ အခု လေးကြိမ်ရှိပြီ။ ဆိုလိုတာက သမ္မတ အသစ် အိမ်တော်ကို ဝင်ပြီဆိုတာနဲ့ သမ္မတ အသစ်ကို honor လုပ်တဲ့အနေနဲ့ ဂုဏ်ပြုတပ်ဖွဲ့ကနေ၊ ဂါရ၀ ပြုတဲ့ဟာပေါ့။

မေး။ ဒါဆိုရင် သမ္မတ အာဏာအလွှဲပြောင်းပေါ့နော်။ သမ္မတ အဟောင်းနဲ့ သမ္မတ အသစ် အလွှဲအပြောင်းကို ဘယ်မှာ လုပ်ပြီးတော့ ဘယ်လို ပုံစံနဲ့ လုပ်သွားဖို့ ဆွေးနွေးသွားဖို့ရှိပါသလဲ ခင်ဗျ။

ခုနက သမ္မတ အသစ် ကျမ်းကျိန်ပြီးတဲ့အခါမှာ သမ္မတ ဖြစ်သွားပြီ။ ဒီဘက်က သမ္မတ အဟောင်းက အထူးတလည် လွှဲစရာတော့ ဘာမှ မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘာကို ဟိုဟာ လုပ်လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်မှာ အိန္ဒိယ ဘုရင်ခံပေါ့ မောင့်ဘက်တန်က မြန်မာနိုင်ငံကို အခမ်းအနားနဲ့ လွှဲပေးခဲ့တာ ရှိတယ်။အဲဒါ ဘာလဲဆိုတော့ သီဟာ ဿ န ပုလ္လင်ပေါ့နော်။ အဲဒီ ပလ္လင်ကြီးက ဒီ သမ္မတ အိမ်တော်ကြီး စပြီးတော့ တည်တဲ့အချိန်မှာ ဒါကို အချုပ်အချာ အာဏာပိုင်တဲ့ သင်္ကေတ ဆိုပြီးတော့ ဟောခမ်းမှာ ထားတယ်။ အဲဒါကလည်း လွန်ခဲ့တဲ့နှစ် ပြီးခဲ့တဲ့ နိုင်ငံတော် သမ္မတ အဆက်ဆက်မှာလဲ ဒီ သီဟာဿ န ပလ္လင်ရဲ့ ရှေ့မှာ နိုင်ငံတကာ ဧည့်သည်တွေကို လက်ခံတွေ့တယ်။ တွေ့ဆုံတဲ့ ဟာတွေ လုပ်တယ် ပေါ့နော်။ အဲဒီ သမိုင်း အထောက်အထားတွေနဲ့ သမိုင်းအချက်အလက်တွေနဲ့ ဒီဟာကို အချုပ်အချာ အာဏာပိုင်တဲ့ အမှတ်တံဆိပ်ပေါ့နော်။ အဲဒါကို ကျွန်တော်တို့က ယူထားတယ်။ ကျွန်တော်ကတော့ ဒီရှေ့မှာ handover လုပ်တာက နိုင်ငံတော်ရဲ့ သမိုင်းကြောင်းပေါ့နော်။ အဲဒါနဲ့လည်း ဟပ်မိမယ် လိုက်လျောညီထွေ ရှိမယ်ပေါ့နော်။

XS
SM
MD
LG