သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အကြီးအကဲ ရာထူးကထွက်ဖို့ တောင်းဆိုဆန္ဒပြ


ဟောင်ကောင်က အစိုးရဆန့်ကျင်ရေး ထောင်ချီတဲ့ ဆန္ဒပြသူများ ( ဇန်နဝါရီလ ၁၊ ၂၀၁၃။)
ဟောင်ကောင်က အစိုးရဆန့်ကျင်ရေး ထောင်ချီတဲ့ ဆန္ဒပြသူများ ( ဇန်နဝါရီလ ၁၊ ၂၀၁၃။)
တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့ ဟောင်ကောင်ကျွန်းကို အုပ်ချုပ်နေပြီး နာမည်ပျက် သတင်းတွေ ထွက်နေတဲ့ အမှုဆောင် အရာရှိချုပ် ရာထူးက ဆင်းပေးပြီး၊ ကိုယ်ပိုင် ခေါင်းဆောင်တွေကို ရွေးချယ် တင်မြှောက် ခွင့်ရရေး တောင်းဆိုပြီး ဟောင်ကောင် ဒေသခံ ထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ ဟောင်ကောင်ကျွန်းရဲ့ အကြီးအကဲ Leung Chun-ying ရာထူးက ဆင်းပေးဖို့ တောင်းဆိုတဲ့ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ချီတက် ဆန္ဒပြသူပေါင်းဟာ ၁၇,၀၀၀ လောက် ရှိတယ်လို့လည်း ရဲတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တာဝန်ယူ အုပ်ချုပ်နေတဲ့ Leung Chun-ying ဟာဆိုရင် မြေနေရာ ရှားပါးတဲ့အတွက် ကျပ်ကျပ်သပ်သပ် နေထိုင်နေကြရတဲ့ ဟောင်ကောင်မှာ သူ့ကိုယ်ပိုင် ဇိမ်ခံအိမ်ခန်းတွေကို တရားမဝင် ဆောက်လုပ်ခဲ့တဲ့ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့ရချိန်ကစလို့ ဆန့်ကျင်ဝေဖန်မှုတွေ ခံနေရတာပါ။

ဒီဇင်ဘာလ ထဲမှာတုန်းကလည်း Leung Chun-ying အပေါ် အယုံအကြည်မရှိ အဆိုတရပ် တင်သွင်းခဲ့ပေမဲ့ တရုတ်အစိုးရ လိုလားသူ ဥပဒေပြု အမတ်တွေ ရဲ့ ထောက်ခံမှုနဲ့ ကျော်လွှားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံက ပြန်လည် လွှဲပြောင်းရယူခဲ့တဲ့ ဟောင်ကောင်မှာ အုပ်ချုပ်မယ့်သူတွေကိုတော့ လတ်တလော တရုတ်အစိုးရကသာ ရွေးချယ် ခန့်ထားနေတာဖြစ်ပြီး ဟောင်ကောင်ကျွန်းသားတွေ ကိုယ်တိုင် ရွေးချယ်ခွင့်ကိုတော့ ၂၀၁၇ ခုနှစ်ကျမှ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG