သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြသမားတွေ လွှတ်တော်ထဲ ရိုက်ချိုးဝင်ရောက်


ဟောင်ကောင်လွှတ်တော် အဆောက်အဦးထဲကို ဒီကနေ့ မနက်အစောပိုင်းက ဝင်ဖို့ကြိုးစားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။

ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အဦးရဲ့ ပြတင်းပေါက်တွေကို သံထည်အတားအဆီးတွေနဲ့ ရိုက်ခွဲကြပါတယ်။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်က ငရုပ်ကောင်းရည်တွေ၊ နံပတ်တွေသုံးပြီး ဆန္ဒပြသူတွေကို ဖြိုခွဲပါတယ်။ ဆန္ဒပြသူ လေးယောက်ထက်မနည်း အဖမ်းခံရပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။

လွှတ်တော်အဆောက်အဦးမှာ လုပ်ငန်းတချို့ကို ဖျက်လိုက်တယ်လို့ အစိုးရထုတ်ပြန်ချက် တခုထဲမှာ ဖော်ပြထားပေမဲ့ ဒီကနေ့ နှောင်းပိုင်းမှာတော့ အခြေအနေ ငြိမ်သက်သွားပါတယ်။ ဒီဖြစ်ရပ်ဟာဖြင့် နေရာအတော်များများကို နှစ်လနီးပါးကြာ သိမ်းပိုက်ထားဖူးတဲ့ အများအားဖြင့် ကျောင်းသားဆန္ဒပြသူတွေရဲ့ ပုံမှန်လုပ်ရပ်နဲ့ ကွာခြားပါတယ်။

အခုလို လွှတ်တော်ထဲဝင်ရောက်ဖို့ အတင်းကြိုးစားတာကို ဆန္ဒပြသူတွေအနေနဲ့ အကြမ်းမဖက်ကြဖို့ တိုက်တွန်းတဲ့ Civic ပါတီ ခေါင်းဆောင် Alan Leong အပါအဝင် ဒီမိုကရေစီရေးလိုလားတဲ့ လွှတ်တော်ကိုယ်စားလှယ် အများအပြားနဲ့ ဆန္ဒပြခေါင်းဆောင် အများအပြားက ရှုတ်ချကြပါတယ်။ အင်္ဂါနေ့တုန်းကတော့ ဆန္ဒပြသူတွေ စက်တင်ဘာလကတည်းက သိမ်းထားတဲ့ နေရာတခုကို အာဏာပိုင်တွေက ဝင်ရှင်းချိန်မှာ ဆန္ဒပြသူတွေက ငြိမ်းငြိမ်းချမ်းချမ်းပဲ နေခဲ့ကြပါတယ်။

XS
SM
MD
LG