သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ အာဏာဖီဆန်ဆန္ဒပြမှု ဆက်ဖြစ်


အစိုးရအဆောက်အအုံရှေ့က ဆန္ဒပြသူတွေက မိုဘိုင်းဖုန်းတွေကို ကိုင်ဆောင်းပြီး ဆက်လက်ဆန္ဒပြနေကြစဉ်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)
အစိုးရအဆောက်အအုံရှေ့က ဆန္ဒပြသူတွေက မိုဘိုင်းဖုန်းတွေကို ကိုင်ဆောင်းပြီး ဆက်လက်ဆန္ဒပြနေကြစဉ်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)

ဟောင်ကောင်မှာ ပြည်သူတွေပြန်လည်သွားလာနိုင်ရေး ဆန္ဒပြသူတွေအနေနဲ့ လမ်းမတွေကနေ ဖယ်ပေးကြဖို့ အစိုးရရဲ့တောင်းဆိုမှုကို သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက မလိုက်နာဘဲ အံတုနေကြပါတယ်။

ဒီနေ့ အစိုးရထုတ်ပြန်တဲ့ကြေညာချက်မှာ ဆန္ဒပြသူတွေအနေနဲ့ လက်ရှိဆန္ဒပြတဲ့နေရာတွေကနေ ငြိမ်းချမ်းစွာ ဖယ်ပေးကြဖို့ တောင်းဆိုထားပါတယ်။ ဒီကြေညာချက်ထဲမှာပဲ ဒီမိုကရေစီအရေးဆန္ဒပြပွဲတွေ ပြန်ငြိမ်လာတဲ့အတွက် လမ်းမတွေပေါ်က လုံထိန်းရဲတွေကိုလည်း ပြန်ရုပ်နေပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကြေညာချက်ထွက်အပြီး နာရီပိုင်းအတွင်း ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာ ဆက်ရှီနေကြပြီး အဓိက လမ်းဆုံလမ်းခွတွေကို ပိတ်ဆို့ထားကြပါတယ်။ ဒီနေ့မှာ စီးပွားရေးလုပ်ငန်း အတော်များများလည်း ပိတ်ထားခဲ့ကြပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ Gordon Cheung က “ရဲတွေအနေနဲ့ ကျနော်တို့ကို တိုက်ခိုက်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ ပြန်ချမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ဟောင်ကောင်အတွက်နဲ့ အနာဂတ်ကိုကာကွယ်ရမှာ။ လက်ပါလာတာမျိုး မဖြစ်သင့်လို့ပါ။” - လို့ ပြောခဲ့ပါတယ်။

စနေ ၊တနင်္ဂနွေရက်တွေအတွင်း ဆန္ဒပြပွဲတွေပြန့်သွားတာမို့ လူစုခွဲဖို့ မနေ့ညတုန်းကတော့ ရဲတွေဘက်က ငရုပ်ကောင်းရည်ဖြန်းတာတွေ၊ မျက်ရည်ယိုဗုံးနဲ့ နံပါတတဒုတ်သုံးပြီး တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် လူပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။

အဲ့ဒီနောက် ရဲတွေဘက်က ရာဘာကျည်နဲ့ ပစ်လာမှာစိုးရိမ်ပြီး နေရာကနေဖယ်ပေးဖို့ ဆန္ဒပြခေါင်းဆောင်တွေဘက်က ရှင်းပြခဲ့ပေမယ့် ဆန္ဒပြလူအုပ်ကြီးကတော့ အစိုးရရဲ့ အဓိကအဆောက်အအုံနားမှာ ဆက် ဆန္ဒပြခဲ့ပါတယ်။

မနေ့ညက တိုက်ခိုက်မှုတွေဖြစ်ရတာဟာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying က ရွေးကောက်ပွဲ ပြုပြင် ပြောင်းလဲရေးလုပ်ဖို့ ဆွေးနွေးပွဲသစ်ခေါ်ပေးမယ်လို့ ကတိပေးအပြီးမှာပါ။ ဒါပေမဲ့ ဘယ်နေ့ ဒီဆွေးနွေးပွဲလုပ်မယ်ဆိုတာတော့ သူက ထည့်မပြောခဲ့ပါဘူး။

XS
SM
MD
LG