သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆွေးနွေးပွဲ တိုးတက်မှုမရှိ


ဟောင်ကောင်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုနေသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေအကြား ၂ နာရီကြာ ဆွေးနွေးပွဲတွေဟာ တိုးတက်မှုမရှိဘဲ အဆုံးသတ်သွားတာကြောင့် ဆွေးနွေးပွဲ ဆက်လုပ်မလားဆိုတာ ဆန္ဒပြကျောင်းသားတွေ စဉ်းစားနေပါတယ်။

ရုပ်မြင်သံကြားကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဆွေးနွေးပွဲတွေမှာ ဆန္ဒပြပွဲကို စီစဉ်သူတွေအနေနဲ့ နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးဖို့ တောင်းဆိုပြီး သီတင်းသုံးပတ်ကျော်ကြာအောင် ဘာကြောင့် ဆန္ဒပြရတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခွင့် ရစေပါတယ်။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်ဟာ ဥပဒေအရ လက်တွေ့မဖြစ်နိုင်ဘူးလို့ တာဝန်ရှိသူတွေဘက်က တုံ့ပြန်ပါတယ်။

ဆန္ဒပြပွဲတွေဟာ အကွဲကွဲအပြားပြား ဖြစ်စေပြီး ဆွေးနွေးပွဲတွေကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပြီးတော့ ဆန္ဒပြပွဲတွေ ရုပ်သိမ်းပေးဖို့ ဆွေးနွေးပွဲအဖွင့်မှာ အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Carrie Lam က တောင်းဆိုပါတယ်။

ဒါပေမဲ့လည်း ကျောင်းသားတွေကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သူတို့ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင် ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။ အင်္ဂါနေ့ဆွေးနွေးပွဲတွေကို ဆန္ဒပြသူတွေရဲ့ အဓိက တောင်းဆိုချက်တခုအတိုင်း တိုက်ရိုက် ထုတ်လွှင့်ပြီး ဆန္ဒပြနေရာတွေမှာလည်း ရုပ်မြင်သံကြားကနေ ပြသပါတယ်။

ဆန္ဒပြပွဲတွေဟာ ဥပဒေနဲ့မကိုက်ညီဘူးလို့ ဟောင်ကောင်နဲ့ တရုတ်အာဏာပိုင်တွေက ပြောထားပါတယ်။ ဒါပေမဲ့ မကြာသေးခင် ရက်တွေအတွင်း နှိမ်နင်းဖြိုခွဲတာတွေ ရှိပေမဲ့လည်း ဆန္ဒပြသူတွေကို အများအားဖြင့် ဆက်ပြီး ခွင့်ပြုထားပါတယ်။

XS
SM
MD
LG