သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်-မကာအို ကူးတို့သင်္ဘော တိုက်မှု ၈၅ ဦး ဒဏ်ရာရ


မတော်တဆမှုဖြစ်ခဲ့တဲ့ ဟောင်ကောင်ကူးတို့သဘောၤ။
မတော်တဆမှုဖြစ်ခဲ့တဲ့ ဟောင်ကောင်ကူးတို့သဘောၤ။
ဟောင်ကောင်မှာတော့ မကာအိုသွားတဲ့ အပျော်စီး ခရီးသည်တင် သင်္ဘောတစ်စင်းဟာ အမှောင်ထဲမှာ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့မှုကြောင့် လူပေါင်း ၈၅ဦး ဒဏ်ရာရသွားတယ်လို့ ရေကြောင်းပို့ဆောင်ရေး အရာရှိတွေကဆိုပါတယ်။ အပျော်စီး ခရီးသည်ပေါင်း ၁၀၅ ဦးတင်လာတဲ့ ရှပ်ပြေးအမြန်တင် သင်္ဘောကြီးဟာ ဟောင်ကောင်စံတော်ချိန် မနက်အစောကြီး တစ်နာရီ မိနစ်နှစ်ဆယ်မှာ ဟောင်ကောင်ကျွန်းအပြင်ဘက်နားမှာ ဘာမှန်းမသိတဲ့ အရာတစ်ခုနဲ့ တိုက်ခဲ့မိတာလို့ ဟောင်ကောင်ကျွန်းအရာရှိတွေကဆိုပါတယ်။

သင်္ဘောသား ၁၀ဦး ပါတဲ့ ခေတ်မှီအပျော်စီးသင်္ဘော အခုလို မတော်တဆ ထိခိုက်မှုဖြစ်ခဲ့အပြီးမှာ ဟောင်ကောင်ကို ထိန်းပြီးပြန်ဆွဲယူလာနိုင်ခဲ့ကြပါတယ်။ အခုလို မတော်တဆ တိုက်ခိုက်ခဲ့မှုကြာင့် ကမ္ဘာမှာ ခရီးသွားလာမှုပေါင်းအများဆုံး ဟောင်ကောင်ဆိပ်ကမ်းကရေကြောင်းပို့ဆောင်မှု
လုံခြုံမှုအပေါ်စိုးရိမ်မှုတွေများလာနိုင်ပါတယ်။
XS
SM
MD
LG