သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုဗီယက် တော်လှန်ရေး ခေါင်းဆောင် Trotsky နေအိမ် လေလံတင် ရောင်းမည်


ဆိုဗီယက်တော်လှန်ရေး ခေါင်းဆောင်ဟောင်း Leon Trotsky ပြည်နှင်ဒဏ်ခံခဲ့ရချိန် ၁၉၂၉-၃၃ မှာ နေထိုင်ခဲ့တဲ့တူရကီနိုင်ငံ၊ Istanbul မြို့တော်ထဲက အိမ်
ဆိုဗီယက်တော်လှန်ရေး ခေါင်းဆောင်ဟောင်း Leon Trotsky ပြည်နှင်ဒဏ်ခံခဲ့ရချိန် ၁၉၂၉-၃၃ မှာ နေထိုင်ခဲ့တဲ့တူရကီနိုင်ငံ၊ Istanbul မြို့တော်ထဲက အိမ်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်မှာရှိတဲ့ Leon Trotsky ရဲ့ အိမ်ဟောင်းကို ရောင်းမယ်လို့ အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့ ဝက်ဘ်ဆိုက်တ်တခုမှာ တင်ထားပါတယ်။ Leon Trosky ဟာ မာ့က်စ်ဝါဒီ တော်လှန်ရေးသမား၊ အတွေးအခေါ်သမား၊ ဆိုဗီယက် နိုင်ငံရေးသမား၊ ဆိုဗီယက်တပ်နီတော်ကို တည်ထောင်သူ၊ ၁၉၁၇ ခုနှစ် အောက်တိုဘာတော်လှန်ရေးရဲ့ သူရဲကောင်း စတဲ့ဂုဏ်ပုဒ်တွေကို ရထားသူပါ။

အဲဒီအိမ်နဲ့မြေကိုပိုင်တဲ့ Hanifi မိသားစုက မြေအပါအဝင် ဒေါ်လာ ၄.၄ သန်းနဲ့ရောင်းဖို့ ကြေညာထားတာပါ။ ဒါပေမဲ့ ဝယ်တဲ့လူဟာ Trotsky ရဲ့နာမည်ကို ဆက်ပြီးထိန်းသိမ်းထားဖို့ သဘောတူရမယ်ဆိုတဲ့ ကန့်သတ်ချက်ပါပါတယ်။ တူရကီယဉ်ကျေးမှုနဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာနက ဒီအိမ်ကိုဝယ်ပြီး ပြတိုက်အဖြစ်ပြောင်းလဲဖို့ ဒီမိသားစုက ဖြစ်စေချင်တာပါ။

သုံးထပ်အဆောက်အဦးနဲ့ပန်းခြံပါ စတုရန်းမီတာ ၃,၆ဝဝ ရှိတဲ့ အိမ်နဲ့မြေဟာ အစ္စတန်ဘူလ်မြို့တော်၊ Marmara ကုန်းတွင်းပိတ် ပင်လယ်ထဲက Buyukada ကျွန်းပေါ်မှာ ရှိပါတယ်။ အခန်းပေါင်း ၁၈ ခန်း၊ ရေချိုးခန်း ငါးခန်းပါပြီး ပင်လယ်ကို ဆီးမြင်နေရအောင် လှပတဲ့မြင်ကွင်းရှိပါတယ်။ ပြုပြင်ထိန်းသိမ်းမှု သိပ်မကောင်းလှပေမဲ့လည်း သဘာဝအတိုင်းဖြစ်နေတဲ့ ဂဏန်းကန်ကတော့ ဒီတိုင်း ရှိနေပါသေးတယ်။ Trotsky ကို ၁၉၂၉ ခုနှစ် ဖေဖော်ဝါရီလမှာ အဲဒီအချိန် ဆိုဗီယက်ခေါင်းဆောင် Joseph Stalin က နိုင်ငံကနေ နှင်ထုတ်လိုက်တာပါ။ သူဟာ အရင်ဆုံး Buyukada မှာ အခြေစိုက်ပြီး သူ့ရဲ့ဒုတိယအိမ်ထောင်၊ မြေးတဦး၊ အမျိုးသားအစောင့်သုံးဦးနဲ့ လေးနှစ်ကြာ နေထိုင်ခဲ့ပါတယ်။ မက္ကဆီကိုစီးတီးက သူ့အိမ်မှာ တိုက်ခိုက်ခံရချိန်က ရခဲ့တဲ့ဒဏ်ရာတွေနဲ့ ၁၉၄ဝ ပြည့်နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

XS
SM
MD
LG