သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ အားနည်းချက် HRW ထောက်ပြ


ရန်ကုန်တိုင်းတွင်းက ရပ်ကျေး အဆင့်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)
ရန်ကုန်တိုင်းတွင်းက ရပ်ကျေး အဆင့်ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ။ (အောက်တိုဘာ ၃၀၊ ၂၀၁၅)

နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် မြန်မာလွှတ်တော် ရွေးကောက်ပွဲတွေဟာ တကယ့်ကိုပဲ ချို့ယွင်းအားနည်းချက်တွေနဲ့ ပြည့်နေ တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က ပြောလိုက်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ကျရင် မဲဆန္ဒရှင်တွေ လူတန်းရှည်ကြီးနဲ့ တန်းစီမဲပေးကြတာက အခြေခံအားဖြင့် အပြစ်အနာအဆာတွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတအောင် လုပ်ပေးမှာမဟုတ်ဘူးလို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Brad Adams ကပြောပါတယ်။ အခုရွေးကောက်ပွဲတွေဟာ စစ်ဘက်က ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်ရေးအပေါ် သန္နိဋ္ဌာန်ခိုင်မာမှုကို အဓိကစမ်းသပ်ချက် တခုဖြစ်တယ်လို့ Brad Adams ကပြောပါတယ်။

ဒါပေမဲ့လည်း ဘက်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ အာဏာရ ပါတီကလွှမ်းမိုးထားတာ၊ ရိုဟင်ဂျာနဲ့ တခြားလူတွေ မဲပေးခွင့်၊ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရအောင် ကန့်သတ်ထားတဲ့ ဥပဒေနဲ့ မူဝါဒတွေ စတဲ့အချက်တွေကြောင့် ရွေးကောက်ပွဲဟာ ဆိုးရွားတဲ့ အားနည်းချက်တွေ ရှိနေတာလို့ HRW က ထောက်ပြပါ တယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ လေးရက်ပဲလိုတော့တဲ့အချိန် နိုဝင်ဘာလ ၄ ရက်နေ့ HRW ရဲ့ထုတ်ပြန်ချက်ထဲမှာ အဲဒီလို ဝေဖန် ထောက်ပြထားတာပါ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ လွတ်လပ်မှုနဲ့ ဘက်မလိုက်ဘဲ ကြားနေနိုင်မှု အားနည်းတာကို အချက်တချက် အဖြစ် ထောက်ပြထားတဲ့အပြင် ရိုဟင်ဂျာမူစလင်တွေနဲ့ တခြား လူနည်းစုတွေ ဘေးဖယ်ခံထားရတာ၊ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာ၊ မဲဆန္ဒ ရှင်စာရင်းတွေမှာ ပြဿနာအများအပြားရှိနေတာ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအပေါ် ကန့်သတ်ချက်တွေရှိနေတာ၊ စောဒကတက် တိုင်ကြားနိုင်ရေးဆိုင်ရာ သီးခြားလွတ်လပ်ပြီး ဘက်မလိုက်တဲ့နည်းလမ်းတွေ အားနည်းတာ စတာတွေကို HRW က ဝေဖန် ထောက်ပြထားပါတယ်။

XS
SM
MD
LG